Sunday, April 30, 2023

၂ဝ၂၃ ခုနှစ် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်း ဖွင့်လှစ်

နေပြည်တော် ဧပြီ ၂၉

၂ဝ၂၃ ခုနှစ် တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမရှေ့၌ ကျင်းပသည်။

ဦးစွာပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက လူရည်ချွန်အပန်းဖြေ စခန်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးသည်။

ထို့နောက် ၂ဝ၂၃ ခုနှစ် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဒုတိယပိုင်းအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဩဝါဒစကားလမ်းညွှန်မှာကြားချက်များကို လေးစားလိုက်နာကျင့်ကြံနေထိုင်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ လူရည်ချွန် လူငယ်မောင်မယ်များ လူရည်ချွန်စခန်းများတွင် စခန်းချ နေထိုင်စဉ်ကာလအတွင်းပညာရေးဆိုင်ရာ ဟောပြောပွဲများ၊ စာပေဗဟုသုတ နှီးနှောဆွေးနွေးခြင်းများ၊ ပတ်ဝန်းကျင်ပြည်သူ့ဘဝ လေ့လာရေးနှင့်ဒေသလုပ်ငန်းများ၊ ဒေသ ထွက်ကုန်များနှင့် ဒေသခံများ၏ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ လက်မှုပညာများနှင့် ဒေသန္တရ ဆိုင်ရာဗဟုသုတများကို လေ့လာဆည်းပူးခွင့် ရရှိမည်ဖြစ်ကြောင်း။

လူရည်ချွန် လူငယ်မောင်မယ်များအနေဖြင့် ကျောင်းသားကျောင်းသူများ၏ စံနမူနာပြ လူငယ်များ ပေါ်ထွန်းလာစေရန် စသည့်အချက်များနှင့် ပြည့်စုံအောင် ကြိုးစားသွားကြစေလို ကြောင်း၊ ဆက်လက်သင်ယူရမည့် ပညာရပ်နယ်ပယ်များတွင် ထူးချွန်ထက်မြက်အောင် ဆက်လက်အားထုတ် ကြိုးပမ်းကြရန်နှင့် တတ်မြောက်ထားသည့်အသိ ပညာအတတ်ပညာများဖြင့် မိမိတို့ဒေသ၊ ဌာန၊ အဖွဲ့အစည်းကို ကောင်းမွန်စွာ ခေါင်းဆောင်မှုပေး နိုင်သည့်အနာဂတ်နိုင်ငံတော်၏ ခေါင်းဆောင်ကောင်း ဖြစ်အောင် ရည်မှန်းကြိုးပမ်း ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးကလူရည်ချွန် ကျောင်းသားတစ်ဦးကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ကလူရည်ချွန် ကျောင်းသူတစ်ဦးကိုလည်းကောင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လူရည်ချွန်မောင်မယ် နှစ်ဦးကိုလည်းကောင်း ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးအပ်ကြကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment