နေပြည်တော် ဧပြီ ၁၆
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်(အတက်နေ့)၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစု လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ဗလာမပါကံစမ်းမဲဖောက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးလှိုင်နှင့်ဇနီး၊ ဒေါက်တာ စိုးဝင်းနှင့် ဇနီး၊ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် အရာထမ်း/ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ နှင့်အတူ မြန်မာ့ရိုးရာမဟာသင်္ကြန်(အတက်နေ့)ကို အတူတကွ စည်ကားသိုက်မြိုက်စွာ ပျော်ပျော် ရွှင်ရွှင်ဆင်နွှဲကြသည်။
ထို့နောက် ဌာနခွဲများမှဝန်ထမ်းများက သင်္ကြန်တေးသီချင်းများ၊ မြန်မာ့ရိုးရာသင်္ကြန်အကအလှ များနှင့် Fitness Dance များဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြပြီး ဖျော်ဖြေရေးအဖွဲ့များကို ဆုကြေးငွေများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများကို ဗလာမပါကံစမ်းမဲများ ဖောက်ပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ အတာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့လက်ရွေးစင်အားကစားမောင်မယ်များနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ အားကစားမောင်မယ်များ၏ ပျော်ပျော်ရွှင်ရွှင် ရေပက်ကစား နေမှုများနှင့် အားကစားအဖွဲ့များမှ အားကစားမောင်မယ်များ၏ သင်္ကြန်တေးသီချင်းများ၊ မြန်မာ့ ရိုးရာသင်္ကြန် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၏ ဇနီးများနှင့် အဖွဲ့ဝင်များသည် အားကစားမောင်မယ်များနှင့်အတူ မြန်မာ့ရိုးရာတေးသီချင်း၊ သင်္ကြန်အကများဖြင့် သင်္ကြန်ပွဲတော်ကို ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဖျော်ဖြေရေးအဖွဲ့များကို ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment