Wednesday, April 19, 2023

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဧပြီ ၁၈

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်း အနားကို မေ ၆ ရက်တွင် နေပြည်တော်မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် ဖြစ်သည်။

ကြည့်ရှုစစ်ဆေး

ထိုသို့ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီးဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေး သည်။

လိုအပ်သည်များမှာကြား

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နားနေဆောင်သို့ရောက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများက MRTV ၏ နိုင်ငံတော်သံစုံတီးဝိုင်းနှင့် မြန်မာ့ဆိုင်းဝိုင်း နေရာချထားမှု၊ အခမ်းအနားတွင်ဖျော်ဖြေမည့်တေး သီချင်းများရွေးချယ်မှု၊ အခမ်းအနားမှူးများ နေရာချထားမှု၊ ဧည့်သည်တော်များ ဖိတ်ကြားမည့် အစီအစဉ်၊ ကြိုဆိုဧည့်ခံရေး ဆောင်ရွက်ထားရှိမှုနှင့် ဧည့်သည်တော်များ တည်းခိုနေရာချထားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားကျင်းပမည့် စင်မြင့်ဆောက်လုပ် နေမှု၊ ထိုင်ခုံခင်းကျင်းမှုနှင့် အနုပညာရှင်များအတွက် အနီရောင်ကော်ဇောလျှောက်လမ်း နေရာလျာထားမှုတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

 သတင်းစဉ်

No comments:

Post a Comment