Friday, April 21, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် အခြေခံပညာအဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ဩဝါဒခံယူတွေ့ဆုံပွဲနှင့် ဂုဏ်ပြုဆုငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်

 




နေပြည်တော် ဧပြီ ၂၁

အခြေခံပညာအဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ဩဝါဒခံယူတွေ့ဆုံပွဲနှင့် ဂုဏ်ပြုဆုငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ဉာဏ်ပညာ ထူးချွန်ပြီး ကျန်းမာကြံ့ခိုင်သည့် အကျင့်စာရိတ္တကောင်းမွန်၍ ထူးချွန်ထက်မြက်သော ကျောင်းသား/ ကျောင်းသူ လူငယ်များပေါ်ထွန်းလာစေရေး၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မယ့် လူ့စွမ်းအား အရင်းအမြစ်များ နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရေး၊ ဘက်စုံထူးချွန်ထက်မြက်သည့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်တွေကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးရေးတို့ကို ရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး ဘက်စုံထူးချွန်သော လူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ ယခုလို လူရည်ချွန် မောင်မယ်များအား အံ့ဩမှတ်သား ဖွယ်ရာ၊ လေးစားမြတ်နိုးဂုဏ်ယူဖွယ်ရာ ဒေသန္တရဗဟုသုတများကို ရရှိစေရန်အတွက် မြန်မာနိုင်ငံ အတွင်းရှိ အထင်ကရနေရာများ၊ အပန်းဖြေစခန်းများ သွားရောက်လေ့လာရာတွင် လူရည်ချွန်မောင်မယ်များအနေဖြင့် ဒေသန္တရဗဟုသုတများ၊ အတွေ့အကြုံများကို လေ့လာမှတ်သား ခဲ့ပြီး အခြားကျောင်းသား၊ ကျောင်းသူများအား ပြန်လည်မျှဝေပေးစေလိုကြောင်း၊ လူရည်ချွန် မောင်မယ်များနှင့်အတူ လိုက်ပါကြီးကြပ်မည့် ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ တာဝန်ယူသည့် လူရည်ချွန် စခန်းအလိုက် လူရည်ချွန်ကျောင်းသား/ကျောင်းသူများကို ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ အစစအရာရာ ဘေးကင်းလုံခြုံရေးတို့ကို စောင့်ကြပ်ပံ့ပိုးပေးသွားရန် ပြောကြားခဲ့သည်။

ထို့နောက် လူရည်ချွန် ကျောင်းသား/ကျောင်းသူများနှင့် ကြီးကြပ်သူများမှ တစ်ဦးချင်း ဂါရဝပြု မိတ်ဆက်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက လူရည်ချွန် ကျောင်းသား/ကျောင်းသူများနှင့် ကြီးကြပ်သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ လူရည်ချွန်များကိုယ်စား လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)

No comments:

Post a Comment