Saturday, April 8, 2023

လွိုင်ကော်မြို့၌ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး(၂/၂၀၂၃)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 


လွိုင်ကော် ဧပြီ ၈

ကယားပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (/၂၀၂၃)နှင့် စိုက်ပျိုးရေး ၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွက် အမှန်တကယ်အကျိုးရှိပြီး ကျေးရွာလူထု ကိုယ်တိုင်ပါဝင်သည့် ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများကို လျာထားသတ်မှတ်ချက်များ ကျော်လွန်အောင် အရှိန်အဟုန်ဖြင့် တိုးတက်ဆောင်ရွက်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းထားရရှိစေရေး၊ စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊  ရေအရင်းအမြစ် မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၏ အဓိကလိုအပ်ချက်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီဒေသနှင့် ကိုက်ညီသည့် နည်းလမ်းများဖြင့် လက်တွေ့အကောင် အထည်ဖော် ပံ့ပိုးဆောင်ရွက်ပေးပြီး လုပ်ငန်းအောင်မြင်မှု အခြေအနေများကို လေ့လာဆန်းစစ်၍ ပြင်ဆင်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်ပတ်သက်၍ ညွှန်ကြားချက်များကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်ကလည်းကောင်း ဌာနဆိုင်ရာအသီးသီးက မိမိကဏ္ဍများအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို Power Point ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည် ။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment