Saturday, April 22, 2023

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော အထူးကုဆရာဝန်ကြီးများ အခမဲ့ ကွင်းဆင်းဆေးကုသမှု အစီအစဉ်များ ကြည့်ရှုအား​ပေး၊

 

မော်လမြိုင် ဧပြီ ၂၂

မွန်ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက်နေပြည်သူများ အားလုံး ပြီးပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှုများကို အရည်အသွေးပြည့်မီစွာရရှိစေရေး အထူးအ​လေး​ထား ဆောင်ရွက်​လျက်ရှိ​ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဧပြီလ ၂၁ ရက်​နေ့၊ နံနက်ပိုင်းက ​မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာ၊ ကတိုးအ​ခြေခံပညာအထက်တန်း​ကျောင်းတွင်  ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော အထူးကု ဆရာဝန်ကြီးများ အခမဲ့ ကွင်းဆင်းဆေးကုသမှု အစီအစဉ်တွင် ​အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ ကျန်းမာ​ရေးဝန်ထမ်းများမှ  ကျန်းမာ​ရေး​စောင့်​ရှောက်မှု​လုပ်ငန်းများအ​နေဖြင့် ခွဲစိတ်အထူးကုသ​ပေးခြင်း၊ မျက်စိအထူးကုသ​ပေးခြင်း၊ နား၊ နှာ​ခေါင်း၊ လည်​ချောင်း အထူးကုသ​ပေးခြင်း၊ သွားနှင့် ခံတွင်းအထူးကုသ​ပေးခြင်း၊ အရိုးအထူးကုသပေးခြင်းဖြင့် လည်း​ကောင်း၊ က​လေးအထူးကု၊ သားဖွားနှင့်မီးယပ်အထူးကု၊ စိတ်ကျန်းမာ​ရေးအထူးကုသ​ပေးခြင်းဖြင့်၊ ​​ဒေသခံပြည်သူများအား အခမဲ့ ကွင်းဆင်းဆေးကုသမှု ​ဆောင်ရွက်​ပေး​နေမှုများ ကြည့်ရှုအား​ပေးခဲ့သည်။






ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာ​ရေး​စောင့်​ရှောက်မှု​လုပ်ငန်းများ ​အရည်အသွေး ပြည့်မီစွာ ကုသနိုင်​ရေး ဆောင်ရွက်​ကြရန်၊ အများပြည်သူများအတွက် ကျန်းမာရေးအဆင့် မြှင့်တင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ရောဂါကုသရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်း ​ဆောင်ရွက်​ပေးကြရန် လမ်းညွှန်မှာကြားကာ လာ​ရောက်ဆေးကုသမှု ခံယူ လျက်ရှိသည့် ရောဂါ​ဝေဒနာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံ အား​ပေးစကား​ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ကတိုးအ​ခြေခံပညာအထက်တန်း​ကျောင်းရှိ စာသင်​​ကျောင်းဆောင်များနှင့် ​ကျောင်း​ဆောင်သစ်များတိုးချဲ့​ ဆောက်လုပ်​နေမှု အ​ခြေအ​နေတို့အား ကြည့်ရှုစစ်​ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်း၏ လိုအပ်ချက်များအား ဖြည်းဆည်းဆောင်ရွက် ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကတိုးတိုက်နယ် ပြည်သူ့​ဆေးရုံသို့​ရောက်ရှိ၍ ​ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေး​နေခြင်းအ​ပေါ် ကြည့်ရှုအား​ပေးကာ ဆေးရုံတွင် တက်​ရောက်​ ဆေးကုသမှု ခံယူလျက်ရှိသည့် ရောဂါ​ဝေဒနာရှင်များအား အား​ပေးစကား​ပြောကြားခဲ့ပြီး ကျန်းမာ​ရေး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ​ဆေးရုံအတွက် လိုအပ်သည်များကို ဖြည့်​ဆည်း​ ဆောင်ရွက်​ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယ​နေ့နံနက် ပိုင်းက ကတိုး​ကျေးရွာ၊ ကတိုးမဟာရင်​ကျောင်းတိုက်သို့ ​ရောက်ရှိခဲ့ပြီး သာသနဓဇ သိရီပဝရ ဓမ္မာစရိယ အဂ္ဂမဟာဝါစကပဏ္ဍိတ သတ္တမ ကတိုးမဟာရင်ဆရာတော် ဘဒ္ဒန္တ​ဝေကာနန္ဒကို ဖူး​မျော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ ဆရာ​တော်၊ သံဃာ​တော်များအား ​နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့နယ်၊ ကော့နှတ်ကျေးရွာ၊ ကော့နှတ်​စေတီ​တော်မြတ်ကြီးကို ဖူး​မြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ‌ရေချမ်းများ ကပ်လှူပူ​ဇော်ပြီး အလှူ​ငွေများ ​ပေးအပ်လှူဒါန်းကာ ကော့နှတ်ကျေးရွာတွင် ရှေးနှစ်ပေါင်းများစွာက ဆောက်လုပ်လှူဒါန်းထားခဲ့ သည့် ရှေးဟောင်းစေတီတော်၊ ဗုဒ္ဓရုပ်ပွား​တော်မြတ်များအား ဖူး​မျှော်ကြည်ညို၍ ရှေးဟောင်း သာသနိကအဆောက်အဦများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)

No comments:

Post a Comment