Sunday, April 30, 2023

ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းနှင့် လေကြောင်းလူငယ်စခန်းတို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံ

 




နေပြည်တော် ဧပြီ ၃၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းနှင့် လေကြောင်းလူငယ်စခန်း တို့တွင် သင်တန်းတက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများ၏ သင်တန်းကာလအတွင်း ဂုဏ်ပြုညစာ စားပွဲကို ဧပြီ ၂၉ ရက် ညပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


 ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား ရေကြောင်းလူငယ်သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် သင်တန်းအလိုက် သင်တန်းသား၊ သင်တန်းသူများက တေးသီချင်းများဖြင့် ဖျော်ဖြေကြရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြ၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့်အတူ ဂုဏ်ပြုညစာ အတူတကွသုံးဆောင်ကြသည်။ ထို့နောက် တိုင်းမှူးက တက်ရောက်လာကြသူများနှင့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment