Tuesday, April 11, 2023

စာပေဗိမာန်စာမူဆု (၂၀၂၂)ဘာသာပြန်စာမူပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာမူပြဋ္ဌာန်း

ရန်ကုန် ဧပြီ ၁၀

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်သည် ဘာသာပြန်စာပေဖွံ့ဖြိုးရေးနှင့် ဘာသာပြန်ဝါသနာရှင်များတိုးပွားရေးအတွက် စာပေဗိမာန်စာမှုဆု၊ ဘာသာပြန်စာမူပြိုင်ပွဲကို နှစ်စဉ်ဖိတ်ခေါ်ကျင်းပလျက်ရှိရာ ၂ဝ၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ဘာသာပြန်စာမူပြိုင်ပွဲအတွက် ပြဋ္ဌာန်းစာအုပ်များကို စတင်ရောင်းချလျက်ရှိပါသည်။

၂၀၂၂ ခုနှစ်အတွက် ဘာသာပြန်ပြဋ္ဌာန်းစာအုပ်မှာ Robert Henson ရေးသားသည့် Climate Change Climate Change: a primer The greenhouse effect: Who’s responsible? ၊ Extreme heat ၊ Floods and droughts အခန်း(၅)ခန်းကို ထုတ်နုတ်ပြဋ္ဌာန်းထားသည့် စာအုပ်ဖြစ်ပါသည်။

ယင်းစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ရှိ စာပေဗိမာန်အရောင်းဆိုင်၊ ဖုန်း-၀၁-၃၈၁၄၄၈၊ သပြေကုန်း၊ နေပြည်တော်ရှိ စာပေဗိမာန်အရောင်းဆိုင် ဖုန်း- ၀၆၇-၃၄၀၄၁၆၈၊ ၈၆ လမ်း၊ ၂၁x၂၂ ကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ရှိ စာပေဗိမာန်အရောင်းဆိုင် ဖုန်း-၀၂-၄၀၃၀၁၈၆ တို့တွင် တန်ဖိုးငွေကျပ် ၁၀၀ဝ ဖြင့် ဝယ်ယူ ရရှိနိုင်ပါသည်။

ပြိုင်ပွဲဝင်စာမူတင်သွင်းရာတွင် သတ်မှတ်ထားသည့်ပြိုင်ပွဲဝင်ပုံစံဖြင့် တင်သွင်းခြင်းကိုသာ လက်ခံမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်ပုံစံနှင့် စည်းကမ်းချက်များကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ Website www.moi.gov.mm/ppd တွင် အခမဲ့သော်လည်းကောင်း၊ စာပေဗိမာန်ရုံးတွင် ငွေကျပ် ၂၀ဝ ဖြင့်သော်လည်းကောင်း ဝယ်ယူနိုင်ပါသည်။ နယ်မှပြိုင်ပွဲဝင်လိုသူများသည် စာအုပ်တန်ဖိုးနှင့် စာအုပ်ပို့ခအပါအဝင် စုစုပေါင်းငွေကျပ် ၂၅၀ဝ ကို ငွေပို့လွှာဖြင့် ဥက္ကဋ္ဌ၊ စာပေဆုများအုပ်ချုပ် ထောက်ပံ့မှုကော်မတီ၊ စာပေဗိမာန်ရုံး၊ အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၃၈၁၄၄၉ သို့ လိပ်မူ၍ မှာယူနိုင်ပါသည်။

ပြိုင်ပွဲဝင်စာမူများကိုလည်း ၂၀၂၃ ခုနှစ် ဩဂုတ် ၃၁ ရက် နောက်ဆုံးထား၍ အထက်ဖော်ပြပါ လိပ်စာသို့ပင် လိပ်မူ၍ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment