Friday, April 14, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

 



နေပြည်တော် ဧပြီ ၁၃

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ပျော်ရွှင်စွာပါဝင်ဆင်နွှဲမည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ်ရှေ့၌ ကျင်းပသည်။

အခမ်းအနားသို့ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်နှင့်ဇနီး၊ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး ချုပ်များနှင့်ဇနီးများ၊ ဌာနကြီးမှူးများ၊ ဝန်ထမ်းမိသားစုများ၊ နိုင်ငံကျော် အဆိုတော်များ၊ ယိမ်းအကအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ထို့နောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်နှင့် ညွှန်ကြားရေးမှူး ချုပ်များက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ယင်းနောက် နိုင်ငံကျော်အဆို တော်များက မြန်မာ့ရိုးရာသင်္ကြန် တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန ယိမ်းအကအဖွဲ့များက “မြူမှောင်ဝေကင်း သီချင်း”“ဆောက်လုပ်ရေးမှ ကြိုနေမယ် သီချင်း” နှင့် “မန်းတောင်ရိပ်ခို” တေးသီချင်းများဖြင့် လည်းကောင်း၊ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ ယိမ်းအကအဖွဲ့များက သင်္ကြန်တေးသီချင်းများ ဖြင့်လည်းကောင်း၊ ကပြဖျော်ဖြေ တင်ဆက်ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်း၍ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာ အတာသင်္ကြန်ပွဲတော်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ်၌ သင်္ကြန်အကြိုနေ့၊ သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်နေ့နှင့် သင်္ကြန်အတက်နေ့များတွင် နေ့စဉ်နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိလည်းကောင်း၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိလည်းကောင်း အဆိုတော်များ၊ ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေ တင်ဆက်မှုအစီအစဉ်၊ ရေကစားခြင်းများနှင့် စတုဒိသာအကျွေး အမွေးများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment