တောင်ကြီး ဧပြီ ၅
ရှမ်းပြည်နယ်အစိုးရအဖွဲနှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့၊ရှမ်းမြောက်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ(၃)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ယခုအစည်းအဝေး ခေါ်ယူရခြင်းမှာ လုပ်ငန်းများဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှသာ သိရှိနိုင်မည်ဖြစ်ပြီး လိုအပ်သည်များ မှာကြားနိုင်မည်ဖြစ်ကြောင်း၊ မြေပြင်အခက်အခဲသိရှိပြီး ဖွဲ့စည်းပုံနှင့်တာဝန်များ သိရှိ၍ လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ပါက အောင်မြင်မှုရရှိမှာဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ လုပ်ငန်းဆောင်ရွက်ရာတွင် အောင်မြင်မှာဖြစ်ပြီး စီမံခန့်ခွဲမှု၊အုပ်ချုပ်မှုရှိမှသာ လုပ်ငန်းများ အောင်မြင်မည် ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် အုပ်ချုပ်ရေးမှူးများအနေဖြင့် ဒေသလိုအပ်ချက်များကိုလည်း ဆွေးနွေးတင်ပြပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်းအရှေ့၊ရှမ်းအမြောက်)ဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ အသီးသီး ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
ထို့နောက် အစည်းအဝေးကို ဧပြီ(၄)ရက် ဒုတိယနေ့တွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ လုပ်ငန်း ဆောင်ရွက်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများမှ သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် လိုအပ်ချက်များ ဖြည့်စွက်ပြောကြားဖြေရှင်းပေးပြီး အထွေထွေဆွေးနွေး၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့် ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖြည့်စွက်ပြောကြားပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)
No comments:
Post a Comment