Thursday, April 20, 2023

၂၀၂၃ ခုနှစ်၊ ငွေဆောင်လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


ပုသိမ် ဧပြီ ၂၀

၂၀၂၃ ခုနှစ်၊ ငွေဆောင်လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၃ ခုနှစ်၊ ငွေဆောင်လူရည်ချွန်စခန်း ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းများ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရန် အစည်းအဝေးပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးမှ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား နေပြည်တော်သို့ အချိန်မီစေလွှတ်ပေးနိုင်ရန်နှင့် ငွေဆောင်လူရည်ချွန်စခန်းသို့ လာရောက်ကြမည့် လူရည်ချွန်မောင်မယ်များအား စနစ်တကျကြိုဆိုနိုင်ရေးဆောင်ရွက်ရန် လိုပါကြောင်း၊ လူရည်ချွန်စခန်းဖွင့်ပွဲ လေ့လာရေးခရီးနှင့် စခန်းပိတ်သိမ်းပွဲ များပြုလုပ်နိုင်ရေးနှင့် ပတ်သက်၍  ကော်မတီများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆောင်ရွက်ရန် လိုပါကြောင်း၊ ယခင်နှစ်များက လူရည်ချွန်စခန်းဖွင့်လှစ်ခဲ့သည့် အားသာချက်၊အားနည်းချက်များ၊ လူရည်ချွန်မောင်မယ်များအတွက် စားသောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေး၊ လုံခြုံရေးအပြင် လေ့လာရေးသွားရောက်မည့်နေရာများနှင့် အမှတ်တရပစ္စည်းများ ပေးနိုင်ရေးအ တွက်လည်းကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုပါကြောင်း၊ လူရည်ချွန်မောင်မယ်များ မိမိတို့တိုင်းဒေသကြီးသို့ ရောက်ရှိသည့်အခါ ဒေသထွက်အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်ရေး၊ လမ်းခရီးတလျှောက် သွားလားရပ်နားနိုင်ရေး ကိစ္စရပ်များအပါအဝင် ရရှိသည့်အချိန်ပေါ်မူတည်၍ အချိန်ကိုက် ဆောင်ရွက်နိုင်ရေး ဆွေးနွေးရန်လိုပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးလာရောက်ကြမည့် လူရည်ချွန်မောင်မယ်များအား နွေးထွေးပျူငှာစွာ ကြိုဆိုနိုင်ရေးနှင့် လုပ်ငန်းများ အောင်မြင်စေရေး အလေးထားဆောင်ရွက်ရန် လိုပါကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် ကော်မတီဝင်များမှ သက်ဆိုင်ရာကော်မတီများအလိုက် ကြိုဆိုနေရာချထားရေး၊ သွားလာနေထိုင်ရေး၊ လေ့လာရေးခရီးစဉ်များ၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် အထွေထွေဆွေးနွေး တင်ပြချက်များအပေါ်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကော်မတီများအလိုက် ပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 လှမင်းထွဋ်(ပြန်/ဆက်)

No comments:

Post a Comment