နေပြည်တော် မတ် ၂၈
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့၏ ဆွေးနွေးညှိနှိုင်း ရေးအဖွဲ့တို့၏အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး
ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ လုပ်ငန်း ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊
ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊
ဦးလှမောင်ရွှေ၊ ဗိုလ်မှူးကြီးဝဏ္ဏအောင်နှင့် အထောက်အကူပြုအဖွဲ့ဝင် ဗိုလ်မှူးကြီး အောင်ကျော်ထွန်း၊
NCA-S-EAO အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း(RCSS)၊ ဒုတိယအဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့်
စောမြရာဇာလင်း (ALP)နှင့် နိုင်အောင်မငေး (NMSP)၊ အဖွဲ့ဝင်များဖြစ်ကြသည့် စောကျော်သန်းဌေး
(DKBA)၊ စောကျော်ညွန့် (KNU/KNLA-PC)၊ ကျာဖူး(LDU)၊ ခွန်မင်းသိန်း(PNLO)နှင့် အထောက်အကူပြု
ကိုယ်စားလှယ်များ တက် ရောက်ကြသည်။
ဆွေးနွေးပွဲတွင်
အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေးကိစ္စ၊
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ဆိုင်ရာကိစ္စနှင့် ဖက်ဒရယ်အခြေခံမူ များကိစ္စတို့ကို
ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဆွေးနွေးပွဲ ပထမနေ့ကို
ရပ်နားခဲ့သည်။ ဆွေးနွေးပွဲ ဒုတိယနေ့ကို မတ် ၂၉ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း
သိရသည်။
No comments:
Post a Comment