Friday, March 31, 2023

ကျောက်ကြီးမြို့နယ်အတွင်း KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့က ထောင်ထားသည့် ဒေသန္တရကားမိုင်းနင်းမိပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူတစ်ဦးသေ လေးဦးဒဏ်ရာရရှိ

 


နေပြည်တော် မတ် ၃၀

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်း- ကျောက်ကြီးသွား ကားလမ်း ပေါ်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့က ထောင်ထားသည့် ဒေသန္တရာကားမိုင်းကို ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ် တစ်စီးနင်းမိပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာ ရရှိခဲ့သည်။

ဖြစ်စဉ်မှာ နတ်သံကွင်း ကျေးရွာဘက်မှ ကျောက်ကြီးမြို့ဘက်သို့ အုတ်များတင်ဆောင်၍ ပဲနွယ်ကုန်းမြို့နေ မောင်စိန်မင်း (ဘ) ဦးလှမြင့် မောင်းနှင်ပြီး အမျိုးသားလေးဦး လိုက်ပါလာသည့် 9N/--- ချင်းလုံဒမ့်ထရပ် အမျိုးအစား မော်တော်ယာဉ်သည် ယနေ့ နံနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် နတ်သံကွင်း- ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ ရန်မျိုးအောင် တံတားအနီးသို့အရောက်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့က ထောင်ထားသည့် ဒေသန္တရာကားမိုင်း နင်းမိ ပေါက်ကွဲခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးသေဆုံးပြီးလေးဦးတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများအား ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment