၁။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ရတနာဒီပ၊ ငုရွှေဝါလမ်းနှင့် အင်ကြင်း (၂)လမ်းထောင့်တွင် ပါတီရုံးချုပ်တည်ရှိ သောဖလုံ - စဝေါ်ဒီမိုကရက်တစ်ပါတီ ကနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်ပြုရန် ၂၄-၂-၂၀၂၃ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည် ဖြစ်ကြောင်း တင်ပြလာပါသည်။
၂။ ယင်းအဖွဲ့အစည်းကအသုံးပြုမည့် ပါတီအမည်၊
အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသောအထောက်အထားများဖြင့်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း
နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။
%20%E1%80%96%E1%80%9C%E1%80%AF%E1%80%B6-%E1%80%85%E1%80%9D%E1%80%B1%E1%80%AB%E1%80%BA%E1%80%92%E1%80%AE%E1%80%99%E1%80%AD%E1%80%AF%E1%80%80%E1%80%9B%E1%80%80%E1%80%BA%E1%80%90%E1%80%85%E1%80%BA%E1%80%95%E1%80%AB%E1%80%90%E1%80%AE.jpg)
No comments:
Post a Comment