Tuesday, March 7, 2023

ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းနှင့် အမျိုးသားရေးလက္ခဏာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ပေးကြစေလို

 


  နေပြည်တော် မတ် ၆

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မတ်လ ၃ ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဝတီရိပ်သာအစည်းအဝေးခန်းမ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံ သည်။

ဦးစွာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တာဝန်ခံများကလုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်း၊ ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အတွင်း တိုင်းရင်းသားအရေးကိစ္စရပ် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်ရှင်းလင်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းနှင့် အမျိုးသားရေးလက္ခဏာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၂၂)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်ကို သိရှိလိုက်နာကျင့်ကြံရန်လိုအပ်ပါကြောင်း၊ မိမိတို့ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ တာဝန်ဝတ္တရားများကိုသိရှိနားလည်ပြီး လုပ်ငန်းတာဝန်များကို အောင်မြင်စွာဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတော်ကချမှတ် ဆောင်ရွက်နေသည့် အမျိုးသားရေးလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကို သိရှိနားလည်ပြီး လုပ်ငန်းများကိုတာဝန် ကျေပွန်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ သုံးစွဲဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဝန်ထမ်းများက ကြုံတွေ့ရသည့်အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးပြီး ဝန်ထမ်းများကို ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့သည် ကချင် အမျိုးသားစာကြည့်တိုက်ဖောင်ဒေးရှင်းဥက္က ဒေါက်တာကေဘောမ်အောန်းနှင့် အဖွဲ့အား တွေ့ဆုံပြီး စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထောက်ပံ့ငွေကျပ် သိန်း ၂၀ ပေးအပ်ခဲ့ကြောင်း သိရသည်။                     

သတင်းစဉ်

No comments:

Post a Comment