Saturday, March 4, 2023

ဗိုလ်ပန္တကုန်းတော် မဟာဝံသ ဗုဒ္ဓဂယာစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ


ကျောက်တလုံး မတ် ၄

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ အထူးဒေသ(၆)၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၌ တည်ထားကိုးကွယ်သည့် ဗိုလ်ပန္တကုန်းတော် မဟာဝံသ ဗုဒ္ဓဂယာစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲကို ယနေ့နံနက် (၇) နာရီခွဲက အဆိုပါ ဗိုလ်ပန္တကုန်းတော်၌ ကျင်းပသည်။


 

 

အခမ်းအနားကို ဆရာတော်၊ သံဃာတော်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး အမှူးပြုသော ဧည့်ပရိတ်သတ်တို့က "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီက သမ္မာဒေဝနတ်ဗြဟ္မာများအား ပင့်ဖိတ်သည်။

ဆက်လက်၍ တောင်ကြီးမြို့၊ မူလမင်းကွန်းကျောင်းတိုက်ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိထံမှ ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ကြသည်။

ထို့နောက် ဗိုလ်ပန္တကုန်းတော် မဟာဝံသဗုဒ္ဓဂယာစေတီတော်မြတ်ကြီး စိန်ဖူးတော်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က ဆရာတော်သံဃာတော်များထံဆက်ကပ်ကြပြီး ရွှေထီးတော်နှင့် ဘုံအဆင့်တို့ကို ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူဒါယကာများက ဆရာတော်၊ သံဃာများထံ ဆက်ကပ်ကြသည်။

ယင်းနောက် တောင်ကြီးမြို့ မူလမင်းကွန်းကျောင်းတိုက်ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာ သီရိဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ အမျှပေးဝေကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိ သူများသည် စိန်ဖူးတော်နှင့်ရွှေထီးတော်ဘုံအဆင့်ဆင့်ကို မဟာဝံသဗုဒ္ဓဂယာစေတီကို လက်ယာရစ် (၁) ပတ် ပင့်ဆောင်ပူဇော်ကြပြီး မင်္ဂလာအချိန်တွင် ရွှေထီးတော်ဘုံအဆင့်များနှင့် စိန်ဖူးတော်တို့ကို တင်လှူပူဇော်ပေးကြကြောင်း သိရသည်။

No comments:

Post a Comment