Wednesday, March 8, 2023

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 


နေပြည်တော် မတ် ၇

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကု ဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု ကျောက်နီမော်ကျေးရွာသို့ရောက်ရှိရာ ဌာန ဆိုင်ရာမှတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ အဆိုပါ နယ်လှည့် အထူးကုဆေးအဖွဲ့သည် ကျောက်နီမော်ကျေးရွာရှိ တိုက်နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ယင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၇၅၈ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးသည်။

 



ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၃ ဦး၊ ခွဲစိတ်ရောဂါ ၄၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၄ ဦး၊ ကလေး ရောဂါ ၂၇ ဦး၊ အရိုးရောဂါ ၁၄၃ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၇၂ ဦး၊ မျက်စိရောဂါ ၂၀၀ နှင့် သွားနှင့်ခံတွင်းရောဂါ ၃၂ ဦးတို့ကိုလိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူအထွေထွေခွဲစိတ်လူနာငါးဦး၊ မျက်စိခွဲစိတ်လူနာ ၁၀ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၄၆ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၇၅ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၂၂ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူနှစ်ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျန်းမာရေးဆောင်ရွက်ပေးမှု အပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါသည်-

“မျက်စိက ကြည့်လို့မကောင်းလို့ ဆေးရုံသင်္ဘောကြီးပေါ်မှာ မျက်စိကအစတခြားသောရောဂါတွေဖြစ်တဲ့ အရိုးအကြောတွေ ပါတယ်ဆိုတော့ ဝမ်းသာအားရနဲ့ လာရောက်ပြသတာပါ။ သက်ဆိုင်တဲ့ မြို့နယ်အုပ်ချုပ်ရေး မှူးကတစ်ဆင့်အသိပေးတဲ့အတွက် သိရပါတယ်။ ဒေသကကျန်းမာရေးနဲ့ပတ်သက်ပြီး အတော် အားနည်းပါတယ်။ မပြည့်စုံတဲ့သူ တစ်ဦးအနေနဲ့ အဝေးတစ်နေရာသွားရောက် ကုသမယ်ဆိုလို့ရှိရင် ကုန်ကျစရိတ်က အတော်များပါတယ်။ မတတ်နိုင်ကြပါဘူး။ မတတ်နိုင်တဲ့အတွက် ဖြစ်သလို ဆေးမြီးတိုလေး တွေနဲ့ကုသကြရပါတယ်။ အခုလိုလာပြီး ကုသပေးတဲ့အတွက် အဆင်ပြေသွားပါတယ်။ ဒေသခံ တွေကလည်း ပိုပြီးဝမ်းသာအားရဖြစ်မိပါတယ်။ အထူးသဖြင့် ဒီလိုမျိုးဖြစ်မြောက်အောင် လုပ် ဆောင်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တကွ သမားတော်ကြီးတွေ၊ ပါရဂူကြီးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အကုန်လုံးဝိုင်းဝန်းပံ့ပိုးကြသော သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်လို့ရှိရင် နောက်နောင်နှစ်တွေမှာ အခုလိုလာရောက်ပြီး ကျွန်တော်တို့ နေရာဒေသရဲ့ကျန်းမာရေးကို အားကောင်းအောင် လာရောက်ကုသပေးစေချင်ပါတယ်”

“ကျွန်တော်တို့ဒေသက ကျန်းမာရေးနဲ့ပတ်သက်ပြီး အခက်အခဲအများကြီးရှိပါတယ်။ ရမ်းဗြဲကိုသွားမယ်ဆိုရင် ဒီကနေ ၂၅ မိုင်လောက်သွားရပါတယ်။ လမ်းခရီးကလည်း မကောင်းပါဘူး။ တချို့လူနာတွေဆိုရင် ဆေးကုသမယ့်စရိတ်ကို ခရီးသွားရင်းနဲ့၊ ကားငှားရင်းနဲ့ပဲ ပိုက်ဆံတွေကုန် သွားတယ်။ ကျွန်တော်တို့ဆီမှာ အခုလိုပင်လယ်သွား သံလွင်ဆေးရုံ သင်္ဘောကြီးက ဒီလိုပါရဂူတွေ၊ ဆရာဝန်တွေ အများကြီးနဲ့လာပြီး ဆေးကုတော့ ကျွန်တော်တို့ စိတ်ထဲမှာ အများကြီး ဝမ်းပန်းတသာဖြစ်ရပါတယ်။ အခုဆိုရင်ဆေးရုံထဲမှာ လူတွေအများကြီး ကုသနေတာတွေ့ရတော့ အများကြီးဝမ်းသာရပါတယ်။ ကျွန်တော့် တစ်သက်မှာလည်း ဒါပထမဆုံး မြင်တွေ့ရတဲ့အတွက် အများကြီးဝမ်းသာရပါတယ်။ အများကြီး ကျေးဇူးတင်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေအပေါ်မှာ အခုလိုစေတနာ ထားပြီးတော့ ဝေးလံခေါင်ဖျားတဲ့ နေရာတွေကို လူတွေကျန်းမာ ရေးလာပြီးတော့ ကုသနိုင်အောင် စီမံဆောင်ရွက်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကျွန်တော် နိုင်ငံသားတစ်ဦးအနေနဲ့ရော၊ ဆေးကုလာတဲ့ မိဘပြည်သူတွေနေနဲ့ရော သူတို့ရဲ့ကိုယ်စား အထူးပဲကျေးဇူးတင်ပါတယ်။ ”

သတင်းစဉ်

No comments:

Post a Comment