နေပြည်တော် မတ် ၆
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် သံတွဲမြို့နယ် ကျောက္ကလပ်ကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ်လူနာ ၁၁ ဦးကို ဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ခွဲစိတ်လူနာများအားမျက်မှန်များ၊ အာဟာရဖြည့်စားသောက်ဖွယ် ရာများနှင့် မျက်စိအထောက်အကူ ပြု ဆေးပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ မျက်စိခွဲစိတ်လူနာများ
အား သဗြုချိုင်ကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးသည်။ ယင်းနောက် တပ်မတော်ပင်လယ် သွားဆေးရုံရေယာဉ်
(သံလွင်)သည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် သဗြုချိုင်ကျေးရွာမှရမ်းဗြဲမြို့နယ်
ကျောက်နီမော်ကျေးရွာသို့ ဆက်လက်ထွက်ခွာ ကြသည်။
ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို
ယခုလိုပဲ ကြားသိ ခဲ့ရသည်-
“ကျွန်မအနေနဲ့ အခုလိုမျက်စိ ခွဲစိတ် ကုသပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။
ပျော်လည်းပျော်တယ်။ အခုလို ကုသပေးတဲ့အတွက် ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။
အရင်က မျက်စိတစ်လုံးကကွယ်နေတာ အခုတော့ပြန်မြင်လို့ ဝမ်းသာပါတယ်။ ကိုယ့်ကိုကုသပေးတဲ့
ဆရာ ဆရာမတွေကိုမြင်ရတော့ ဝမ်းသာ မိပါတယ်။ စားရေးသောက်ရေးအတွက် အစစအရာရာစီစဉ်ပေး တဲ့အတွက်လည်း
ကျေးဇူးတင် ပါတယ်” လို့ ပြောလိုပါတယ်။
“ကျွန်တော်အစက မျက်စိကမှုန်တယ်။ မမြင်ရဘူး။ အခုတော့ အားလုံးကို လင်းလင်းထင်းထင်း
သဲသဲကွဲကွဲ မြင်ရပြီဆိုတော့ ဝမ်းသာပါတယ်။ စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ
သင်္ဘောကြီး နဲ့ လာရောက်ဆေးကုသပေးတဲ့ အတွက် အထူးဝမ်းသာပါတယ်။ အဲဒါကြောင့် ပါရဂူကြီးတွေအပါအဝင် ဆေးအဖွဲ့အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ သံလွင် သင်္ဘောကြီးနဲ့
ကမ်းခြေဒေသတွေမှာရှိတဲ့ ဒေသခံပြည်သူတွေကို အခုလို ဆေးကုသမှုပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မျက်စိရောဂါတစ်ခုတည်း မဟုတ်ဘဲ ရောဂါပေါင်းစုံကိုကုသပေးနေတဲ့အတွက် ဆေးရုံ၊ ဆေးခန်းမသွားနိုင်တဲ့သူများအတွက်
အထောက်အကူအများကြီးဖြစ်ပါတယ်။ နောင်ကိုလည်း အခုလိုလာရောက်ဆေးကုသဖို့ဖိတ်ခေါ်ပါတယ်။
သွားရေးလာရေးခက်ခဲတဲ့ဒေသတွေကို အခုလိုဆေးကုသမှု တွေဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း
ကျေးဇူး တင်ပါတယ်”
သတင်းစဉ်
No comments:
Post a Comment