Friday, March 31, 2023

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏(၅)ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော် မတ် ၃၀

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI)၏ (၅)ကြိမ်မြောက် အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး (5th Executive Committee Meeting) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အိမ်ရှင်အဖြစ် ဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမမှ တက်ရောက်ကြပြီး ASEANSAI ဒုတိယဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ စာရင်းစစ်ချုပ် Mr. Gamaliel A. Cordoba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ ASEANSAI ၏ အတွင်းရေးမှူးချုပ် Mr. Bahtiar Arif ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံစာရင်း စစ်ချုပ်ရုံးမှ ကိုယ်စားလှယ်အဖွဲ့ များ တက်ရောက်ကြသည်။

ASEANSAI ဥက္ကဋ္ဌ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ASEANSAI ၏ (၇) ကြိမ်မြောက် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှုကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ဖိလစ်ပိုင်နိုင်ငံစာရင်းစစ်ချုပ်က ASEANSAI ၏ (၇) ကြိမ်မြောက် ထိပ်သီးအစည်း အဝေးကို ဖိလစ်ပိုင်နိုင်ငံစာရင်း စစ်ချုပ်ရုံးမှ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှုကိုလည်းကောင်း၊ ASEANSAI အတွင်းရေးမှူးချုပ်က ASEANSAI ၏ ဘဏ္ဍာရေးရှင်းတမ်းဆိုင်ရာ ကိစ္စများ၊ အတွင်းရေးမှူးချုပ်၏ တာဝန်ထမ်းဆောင်သည့် ကာလသက်တမ်းတိုးမည့် ကိစ္စရပ်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအသစ် ဖြစ်လာမည့် တီမောလက်စ်တီ နိုင်ငံဆိုင်ရာ အကြောင်းအရာ အကျဉ်းချုပ်ကိုလည်းကောင်း တင်ပြဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က ရှေ့ကာလတွင် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် ကိုယ်စားလှယ်များသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment