Sunday, March 5, 2023

လွိုင်လင်ခရိုင်၊ ပင်လုံမြို့နယ်၊ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၌ ပအိုဝ်း အမျိုးသားနေ့ ပွဲတော်ပြုလုပ်

 

နေပြည်တော် မတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့နယ်၊ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို ကျင်းပပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှူအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင့်ကြသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပအိုဝ်းအမျိုးသားနေ့ပွဲတော် ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက်တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခွန်လှသိန်းက ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့သမိုင်း ကြောင်းများနှင့် ပအိုဝ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံတို့ကို ရှင်းလင်းပြေားကြာသည်။ ယင်းနောက် တိုင်းမှူးကပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား အလှူငွေများပေးအပ်ရာ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးခွန်မောင်လှက လက်ခံရယူခဲ့သည်။ ၎င်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆရာ၊ ဆရာမများနှင့် ထူးချွန်စွာအောင်မြင့်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်သည်။ ယင်းနောက် ပအိုဝ်းတိုင်းရင်းသားများက ယဉ်ကျေးမှုရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment