နေပြည်တော် မတ် ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ အင်းလေးဖောင်တော်ဦးစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား
ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ပန်း၊ ရေချမ်းနှင့်
ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
စေတီတော်မှတ်တမ်း စာအုပ်တွင် အမှတ်တရလက်မှတ်ရေးထိုး ပူဇော်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ
ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးပရိဝုဏ်တော်အတွင်းရှိ
စိန်နှင့်မြ ကျောင်းတိုက်အတွင်း၌ ဖောင်တော်ဦး စေတီတော်မြတ်ကြီးဆရာတော် ဘဒ္ဒန္တဝိဇယအား
ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာများနှင့် အင်းလေးဒေသနှင့် စေတီတော်မြတ်ကြီး
ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည်များကို လျှောက်ထားခဲ့ပြီး ဆရာတော်ကြီးထံမှ
ဩဝါဒကို နာယူသည်။
ယင်းနောက် ဒေသရိုးရာလက်မှုထွက်ကုန်များနှင့်
ရိုးရာအဝတ်အထည် အရောင်းဆိုင်များအတွင်းသို့ လှည့်လည်ကြည့်ရှုအားပေးပြီး အင်းလေးဒေသမှ
ထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများအား ယခုထက် အရည်အသွေးပိုမိုကောင်းမွန်စွာ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက်
လိုအပ်သည့် နည်းပညာနှင့် အကူအညီများပေးအပ်သွားရန်၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု One
Village One Product ဖြစ်စေရေး စီမံဆောင်ရွက်ပေးရန်နှင့် လာမည့်နွေရာသီ ကျောင်းပိတ်ရက်များအတွင်း
အင်းလေးဒေသသို့ ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည်များ စိတ်ချမ်းမြေ့စွာ လာရောက်နိုင်ရေး
တာဝန်ရှိသူများကို မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းလေးကန်အတွင်း စက်လှေများဖြင့် လှည့်လည်၍ အင်းလေးဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment