Thursday, March 30, 2023

ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)သို့ ကယားပြည်နယ်ဝန်ကြီးချုပ် တက်ရောက်


 

လွိုင်ကော် မတ် ၃၀

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃)ကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ၊  ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြင့်တင်ရေးအတွက် မူဝါဒများချမှတ်ပြီး ရန်ပုံငွေများခွင့်ပြုပေးခြင်း၊ MSME လုပ်ငန်းများကိုအားပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်  ပြည်နယ်အတွင်း စားသုံးမှုဖူလုံစေရေး၊ ထုတ်လုပ်မှုနှင့်  စားသုံးမှုမျှတစေရေး၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းသစ်များ တိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ယင်းလုပ်ငန်းများအပေါ်အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ၊ MSME လုပ်ငန်းများကို အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်း စီးပွားရေးဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် သက်ဆိုင်ရာဌာနများက လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (/၂၀၂၃)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်တွင် ဆောင်ရွက်ပြီးစီးမှု၊ ကွင်းဆင်းဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ မွေးမြူရေးဇုန်နှင့်  Contract Firming စနစ်ဖြင့် ပြောင်းစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန် လျာထားမှုအခြေအနေများကို ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက တင်ပြဆွေးနွေးခဲ့သည်။

ယင်းနောက် ကော်မတီအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment