Thursday, March 2, 2023

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ကျောင်းသုံးစာအုပ်များ ပုံနှိပ်ထုတ်လုပ်နေမှု ကြည့်ရှုစစ်ဆေး

 

မန္တလေး  မတ်  

 ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး  ဦးရဲတင့်သည်  ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ ပုံနှိပ် ရေးနှင့်   ထုတ်‌ဝေရေးဦးစီးဌာန ပုံနှိပ်စက်ရုံသို့   ရောက်ရှိပြီး ကျောင်းသုံးစာအုပ်များ   ပုံနှိပ် ထုတ်လုပ်နေမှုကို  ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် စက်ရုံမှူးနှင့် အရာထမ်း၊ ဝန်ထမ်းများအား တွေ့ဆုံ၍ ပုံနှိပ်ထုတ်လုပ်မှုအရည် အသွေး ကောင်းမွန်ရေး၊ကုန်ကြမ်း ပစ္စည်းများ အလေအလွင့်မရှိစေရေး၊ မီးဘေးလုံခြုံရေးနှင့် လုပ်ငန်းခွင် လုံခြုံရေး တို့ကို အလေးထား ဆောင်ရွက်ရေး၊ နိုင်ငံ့ဝန်ထမ်း ကောင်းပီသစွာ စည်းလုံး ညီညွတ်စွာ  တာဝန်ထမ်း ဆောင်ကြရေးတို့ကို မှာကြားသည်။

မွန်းလွဲပိုင်းတွင်  တိုင်းဒေသကြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ တိုင်း ဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊  စစ်ကိုင်းခရိုင်  ပြန်ကြား ရေးနှင့်    ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး၊   စစ်ကိုင်းဇုန်ထပ်ဆင့် လွှင့်စက်ရုံများ ဇုန်နယ် တာဝန်ခံ၊ ပုံနှိပ်စက်ရုံ  စက်ရုံမှူး၊ ကိုယ်ပွားသတင်းစာ တိုက်တာဝန်ခံနှင့် စာပေဗိမာန် စာကြည့်တိုက်မှူးတို့အား တွေ့ဆုံ၍ မိမိတို့လုပ်ငန်းများ တိုးတက်အောင် မြင်အောင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရန်၊ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း   ကျောင်းသား လူငယ်များအား အသိပညာပေး ခြင်းများကို   တိုးမြှင့်ဆောင်ရွက်ရန်၊  လာမည့်နှစ် စာသင်ကျောင်းများ ဖွင့်သည့်ကာလတွင်  ကျောင်းနေအရွယ် ကလေးတိုင်း   ကျောင်းအပ်နှံနိုင်ရေး လှုံဆော် ပညာပေးရန်၊ KG + 9     အောင်မြင် ပြီးပါက ခရိုင် ၅၀ တွင် ဖွင့်လှစ် ထားသော စိုက်ပျိုးရေး၊ မွေးမြူရေး၊  စက်မှုလက်မှု  အသက် မွေးဝမ်းကျောင်း  ပညာရပ်များ ဆက်လက် သင်ကြားနိုင်ခွင့်နှင့်  ထူးချွန်စွာအောင်မြင်ပါက  သက်ဆိုင်ရာ သိပ္ပံများ၊ တက္ကသိုလ်များသို့ ဆက်လက် သင်ကြားနိုင် ခွင့်ရှိကြောင်း အသိပညာပေးရန်၊ သတင်းစာများ  အရေအသွေး   ကောင်းမွန်ရေးနှင့်   အချိန်မီ  ဖြန့်ဝေနိုင်ရေး  ဆောင်ရွက်ရန်၊  နိုင်ငံ့ဝန်ထမ်းကောင်း  ပီသစွာ တာဝန်ကို ကျေပွန်စွာထမ်းဆောင် ကြစေရန်မှာကြားသည်။  

သတင်းစဉ်

No comments:

Post a Comment