နေပြည်တော် မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းစက်လှေ ၁ စီး ရေဝင်နစ်မြုပ်နေကြောင်း ဒေသခံလှေများ၏ သတင်းပေးချက်အရ လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ရေယာဉ်က မတ် ၆ ရက် ညပိုင်းတွင် သွားရောက်ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ငါးဖမ်းစက်လှေသည် လှေသား ၃ ဦးလိုက်ပါ၍ မတ် ၆ ရက် ည ၇ နာရီခန့်တွင် ဓမင်းဆိပ်ကျေးရွာမှ ပင်လယ်ပြင်ရှိ ငါးဖမ်းလှေများထံသို့ ရေခဲနှင့် စက်သုံးဆီများအား ပို့ဆောင်ရန်ထွက်ခွာလာစဉ် ဖျာပုံမြစ်ဝအရောက် လှေရှိရေစုပ်ပန့်ချို့ယွင်းပြီး ရေဝင်မှုအားမထိန်းနိုင်သောကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရေဝင်နစ်မြုပ်မှုဖြစ်ပွားခဲ့သော ငါးဖမ်းလှေပေါ်မှ လှေသားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ရေယာဉ်ပေါ်သို့ တင်ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment