Thursday, February 23, 2023

လွိုင်ကော်မြို့၌ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် တပေါင်းလပြည့်နေ့ ဆွမ်းဆန်တော်လောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

လွိုင်ကော် ဖေဖော်ဝါရီ 

၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်း အနားနှင့် တပေါင်းလပြည့်နေ့ ဆွမ်းဆန်တော်လောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဆရာတော်သံဃာတော်များပင့်ဆောင်ရေး၊ ဆွမ်းကွမ်းနှင့်လှူဘွယ်ဝတ္ထုပစ္စည်းများ ပြည်စုံစွာဆက်ကပ်လှူဒါန်းနိုင်ရေး၊ ပြည်သူများစိတ်ချမ်းမြေ့စွာဖြင့် ကြည်ညိုသဒ္ဒါပွားလှူဒါန်းနိုင်ရေး၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးနိုင်ရေးတို့အတွက် ဖွဲ့စည်းထားသောဆပ်ကော်မတီအသီးသီးက လုပ်ငန်းတာဝန်များကို စနစ်တကျစီမံဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာကျန်းမာရေးညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသောဆပ်ကော်မတီများ၊ ဂေါပကအဖွဲ့ များက ဆောင်ရွက်သွားမည့် လုပ်ငန်းတာဝန်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဆွေးနွေးအကြံပြုတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ပြည်နယ်(ပြန်/ ဆက်)

 

No comments:

Post a Comment