Thursday, February 23, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကလေးမြို့နယ်ရှိ နေကြာစိုက်ခင်းများသို့ သွားရောက်ကြည့်ရှုခြင်း၊ စစ်ကိုင်းမြို့၊ စက်မှုဇုန်ရှိ စက်ရုံများသို့ လေ့လာကြည့်ရှုခြင်းနှင့် မြို့တော်ခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်း

နေပြည်တော် ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၂-၂-၂၀၂၃ ရက် နံနက်ပိုင်းတွင် ကလေးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာအုပ်စု၊ ဖောင်ကူးကျေးရွာရှိ တောင်သူများ စိုက်ပျိုးထားရှိသော နေကြာစိုက်ခင်းများသို့ သွားရောက်ကြည့်ရှုသည်။ ထို့နောက် တောင်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးကာ တောင်သူများထံ ပိုးသတ်ဆေးဘူးများနှင့် နေကြာမျိုးစေ့များပေးအပ်သည်။ ယင်းနောက် ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရှိ တာဝန်ခံတစ်ဦးက ပိုးသတ်ဆေး စနစ်တကျသုံးစွဲပုံကို တောင်သူများထံ ရှင်းပြသည်။

 


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ကလေးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာအုပ်စု၊ ဖောင်ကူးကျေးရွာရှိ ဖောင်ဆိပ်ကုန်ထုတ်လမ်း ဖောက်လုပ်ထားရှိမှုအခြေအနေကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။ 

ဆက်လက်၍ နေ့လယ်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့သို့ရောက်ရှိကြပြီး စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ သုတသုခ ဓာတ်မြေဩဇာစက်ရုံသို့ရောက်ရှိပြီး ဇာမဏီတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာ ထုတ်လုပ်ပုံအဆင့်ဆင့်ကို လေ့လာကြည့်ရှုသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား အားကစားပစ္စည်းများ၊ ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာ ဝန်ထမ်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment