Tuesday, February 21, 2023

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (မန္တလေး) တွင် ကြည့်ရှုစစ်ဆေး

 



နေပြည်တော် ဖေဖော်ဝါရီ ၂၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်တို့သည် ယနေ့မွန်းလွဲပိုင်းက မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် မြို့သစ်()ရပ်ကွက်ရှိ ဆောက်လုပ်ဆဲဖြစ်သော နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (မန္တလေး)တွင် ကြည့်ရှုစစ်ဆေးပြီး ဆက်လက်အကောင်အထည်ဖော် တည်ဆောက်နိုင်ရေးလိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက် ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများ၏ အဆောက်အဦ ဆောက်လုပ်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြမှုအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။

မြေပေါ်မြေအောက်ဆောက်လုပ်

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန၏ မြေပေါ်နှင့်မြေအောက် နှစ်ထပ်စီခွဲ၍ ဆောက်လုပ်ထားရှိမှုကို လှည့်လည်ကြည့်ရှုကြသည်။

ရာနှုန်းပြည့်ပြီးစီးနိုင်ရန်ဆောင်ရွက်

အဆိုပါ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန အဆောက်အဦကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ် ()ရပ်ကွက်ရှိ မြေဧရိယာ ခြောက် ဧကပေါ်တွင် ၂၀၁၅ ခုနှစ် ဩဂုတ် ၃၀ ရက်က စတင်ပန္နက်တင်၍ ၂၀၁၆ ခုနှစ် ဧပြီ ၅ ရက်တွင် I-Green Development & Engineering Group က စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆောက်အဦ အရွယ်အစားမှာ ပေ (၃၅၀x၂၅၀x၁၀၀) ဖြစ်ပြီး မြေအောက်တွင် နှစ်ထပ်နှင့်မြေပေါ်တွင် နှစ်ထပ်ပါရှိသော Steel Structure အဆောက်အဦ အမျိုးအစား ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း လုပ်ငန်းခေတ္တ ရပ်ဆိုင်းခဲ့သော်လည်း ၂၀၁၈ ခုနှစ် အတွင်း ပြန်လည်ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ် -၁၉ ကပ်ရောဂါဖြစ်ပွားမှု ကြောင့် လုပ်ငန်းခေတ္တရပ်ဆိုင်းခဲ့သော်လည်း ပြန်လည်ဆောင်ရွက် ခဲ့ရာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် လက်ရှိအခြေအနေအထိ လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့သဖြင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မပြုမီ လုပ်ငန်းအား ပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အဆောက်အဦ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီး နိုင်ရန်အတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment