Wednesday, February 22, 2023

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဂွမြို့၊ မြို့မရပ်ကွက်ရှိ မင်းတောင်သာသနာ့နယ်မြေ၊ တောင်တက်ကွန်ကရစ်လမ်းနှင့် မင်းတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး မုခ်ဦးရေစက်ချမင်္ဂလာ အခမ်းအနား တက်ရောက်


စစ်တွေ    ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ်၊ ဂွမြို့၊မြို့မရပ်ကွက်ရှိ မင်းတောင်သာသနာ့နယ်မြေ၊ တောင်တက်ကွန်ကရစ်လမ်းနှင့် မင်းတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး မုခ်ဦးရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက အဆိုပါစေတီတော် ပုရဝုဏ်အတွင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး မဟာ သုန္ဒရာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ဒဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ သာသနာ့ဓဇအစိုးရဓမ္မာစရိယ၊ ဘဒ္ဒန္တအာဝုဓ အမှူးပြုသော ဆရာတော် အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အလှူရှင်များနှင့် မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ မင်းတောင်သာသနာ့နယ်မြေ၊ တောင်တက်ကွန်ကရစ်လမ်းနှင့် မင်းတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီးမုခ်ဦးအား ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် အလှူရှင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့က ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးကြပြီး    ဆရာတော် ဘဒ္ဒန္တအာဝုဓအမှူးပြုသော ပြည်နယ်ဝန်ချုပ်နှင့်တာဝန်ရှိသူများ အလှူရှင်များက ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရေများ ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းတောင်သာသနာ့နယ်မြေ၊ တောင်တက်ကွန် ကရစ်လမ်းကို ကြည့်ရှုစစ်ဆေးကြပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြ သည်။ ယင်းနောက် စေတီတော်ရင်ပြင်၌ မင်းတောင်သာသနာ့နယ်မြေ၊ တောင်တက်ကွန်ကရစ်လမ်းနှင့် မင်းတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး မုခ်ဦးရေစက်ချမင်္ဂလာ အခမ်းအနားကို ကျင်းပရာ ဆရာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဖွင့်လှစ်ကြကာ ဆရာတော် ဘဒ္ဒန္တအာဝုဓထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရန်ကုန်မြို့နေ အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာသာရင်မြတ်နှင့်ဇနီး သီဟသုဓမ္မသိင်္ဂီ ဒေါ်နွယ်နွယ်အေးမိသားစုမှ ဂွမြို့ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျပ်သိန်း(၁၀၀) အားဂွမြို့နယ် အုပ်ချုပ်ရေးမှူးထံပေးအပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။

မင်းတောင်သာသနာ့နယ်မြေ၊ တောင်တက်ကွန်ကရစ်လမ်းနှင့် မင်းတောင်ဆုတောင်းပြည့် စေတီတော် မြတ်ကြီးမုခ်ဦးကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာသာရင်မြတ်ဇနီး သီဟသုဓမ္မသိင်္ဂီ ဒေါ်နွယ်နွယ်အေး မိသားစု၊ ဂွမြို့မှ ဦးအောင်စိုးမင်း ဇနီးမိသားစုတို့မှ စုပေါင်းပြီး ငွေကျပ်သိန်း (၁၆၀၀) ကျော် အကုန်ကျခံကာ လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်) 

No comments:

Post a Comment