Monday, February 20, 2023

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ်(မကွေး) ပြည်ထောင်စု အကအလှ ပဒေသာပွဲတော်နှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

 

မကွေး ဖေဖော်ဝါရီ ၂၀

မကွေးနည်းပညာတက္ကသိုလ်(မကွေး)ပြည်ထောင်စုအကအလှ ပဒေသာပွဲတော်နှင့် မောင်မယ် သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မကွေး နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးနည်းပညာ တက္ကသိုလ် ဒုတိယ ပါမော က္ခချုပ်ဒေါက်တာတင်ဆန်းနှင့် တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်(မကွေး)ရှိ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။










ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ပြည်ထောင်စုတိုင်းရင်းသားများ၏ ပေါင်းစည်းညီညွတ်မှုဖြင့် လွတ်လပ်ရေးကြိုးပမ်းနိုင်ခဲ့ပြီး ပြည်ထောင်စုဖွား တိုင်းရင်း သားတို့၏ ရိုးရာဓလေ့ထုံးတမ်းစဉ်လာနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့် ရှောက်တတ်စေရန်ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စု အကအလှပဒေသာ ပွဲတော်အခမ်းအနားတွင် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအကများ၊ မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုနှင့် မြန်မာသံစဉ်တေးသီချင်းများကို ထည့်သွင်းထား သည်ကို သိရှိရပြီး ကျောင်းသား /ကျောင်းသူများ အနေဖြင့် မြန်မာ့ရိုးရာဓလေ့ထုံးတမ်း အစဉ် အလာများနှင့် ယဉ်ကျေးမှု အမွေအနှစ် များကိုပါ မြင်တွေ့ရပြီး လက်ဆင့်ကမ်းထိန်းသိမ်းသွား ကြရန် မှာကြားလိုပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း နည်းပညာတက္ကသိုလ် (မကွေး)သို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများကိုလည်း နည်းပညာ တက္ကသိုလ်(မကွေး)မိသားစုကိုယ်စား မိမိတို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့်လည်း ဝမ်းသာဂုဏ်ယူစွာဖြင့် ကြိုဆိုပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများ အနေဖြင့် လည်း ထူးချွန်ထက်မြက်သည့် အင်ဂျင်နီယာပညာရှင်များ ဖြစ်လာသည်အထိ ကြိုးပမ်းသင်ယူကြရန်နှင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် အသိပညာ၊ အတတ်ပညာရပ်များကိုလည်း မျက်ခြေ မပြတ် ကြိုးပမ်းသင်ယူကြရမည်ဖြစ်ပါကြောင်းနှင့် မိသားစုအကျိုး၊ ဒေသအကျိုးနှင့် နိုင်ငံတော် အကျိုးကို ကျရာအခန်းကဏ္ဍမှ သယ်ပိုးဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်းက ပြည်ထောင်စုအကအလှ ပဒေသာပွဲတော်နှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ရိုးရာ တေးသီ ချင်းများ၊ တိုင်းရင်းသားရိုးရာတေးသီချင်းအကများနှင့် ခေတ်(၅)ခေတ် မြန်မာ့ရိုးရာအမျိုးသမီးများ၏ ဝတ်စား ဆင်ယဉ်မှုများအား ပြသဖျော်ဖြေခဲ့ကြသည်။

ထို့နောက် နည်းပညာတက္ကသိုလ်(မကွေး)ရှိ ဘာသာရပ်အလိုက် ရွေးချယ်ထားသော သစ်လွင် မောင်၊ သစ်လွင်မယ်များက လမ်းလျှောက် ကိုယ်ဟန်ပြခြင်းဆောင်ရွက်ခဲ့ပြီး ကျောင်သား/ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာ တေးသီချင်းများဖြင့်လည်းကောင်း၊ ကျောင်းသူ များက မျက်မှောက်ခေတ် အမျိုးသမီးများ၏ ဝတ်စားဆင်ယဉ်မှုများအား ပြသတင်ဆက်ခဲ့ ကြသည်။

ယင်းနောက် ဘာသာရပ်အလိုက် ရွေးချယ်ထားသော သစ်လွင်မောင်၊ သစ်လွင်မယ် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး ဒေါ်ဝင်း ဝင်းမြင့်တို့က စလွယ်များနှင့် ဆုငွေများအား ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများက တိုင်းရင်းသားရိုးရာ တေးသီချင်းများဖြင့် ကပြဖျော်ဖြေကာ၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ

No comments:

Post a Comment