Friday, February 24, 2023

ပေါင်းတည်မြို့နယ် မျိုးသန့်ခြံ ဆောင်းနေကြာစိုက်ခင်းသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး

 

ပေါင်းတည် ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်သို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်တာဝန်ရှိသူများ တာဝန်ရှိသူများလိုက်ပါလျက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံတွင် စားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးထားသော ရေဆင်း(၁)စပ်မျိုး (RS)နှင့်ဆင်းနေကြာ ( RS) မျိုးစေ့ထုတ် ဆောင်းနေကြာစိုက်ခင်းသို့ ယမန်နေ့နံနက် ၁၀နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။




 

အဆိုပါစိုက်ခင်းသည် မျိုးစေ့ထုတ် (RS) ဆောင်းနေကြာစိုက်ခင်းများဖြစ်ပြီး၊ ဆင်းနေကြာ(၂) တစ်ဧကနှင့်ရေးဆင်း(၁)စပ်မျိုးနေကြာတစ်ဧက စုစုပေါင်းနှစ်ဧက ကိုအထွက်ကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရန်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ခင်းအတွင်းလှည့်လည်ကြည့်ရှုကြပြီး မျိုးသန့်သိုလှောင်ရုံအတွင်း သိုလှောင်ထားသော (RS) မျိုးကောင်းမျိုးသန့် အထွက်ကောင်း စပါးမျိုးစေ့ထုတ်များကို လှည့်လည်ကြည့်ရှုကြရာ စိုက်ပျိုးရေးတာဝန်ခံများက ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ ဆက်)

 

No comments:

Post a Comment