ရန်ကုန် ဖေဖော်ဝါရီ ၂၅
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များအတွက် အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီတွင် သမဝါ ယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်) ဘက်စုံသုံး ခန်းမ၌ ကျင်းပသည်။
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်အတွက် မဟာဘွဲ့ခုနစ်ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ ၈၇ ဦးနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် စီးပွားရေးသိပ္ပံဘွဲ့ ၂၃၄ ဦး စုစု ပေါင်း ၃၂၈ ဦးအနက် ဘွဲ့နှင်းသဘင်သို့ တက်ရောက်ဘွဲ့ယူသူ ၂၈၀ နှင့် အဝေးရောက်ဘွဲ့ယူသူ ၄၈ ဦးတို့ကို သက်ဆိုင်ရာဘွဲ့များ ချီးမြှင့်အပ်နှင်းပေးသည်။
ဘွဲ့များ ချီးမြှင့်အပ်နှင်း ပြီးနောက် ပါမောက္ခချုပ်ကဘွဲ့နှင်း သဘင်မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည့် လူမှုစီးပွားရေးပညာတတ် လူ့စွမ်းအားအရင်းအမြစ် ၈၀၀၀ ခန့်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ် ကြောင်း၊ မိမိတို့ တက္ကသိုလ်အနေဖြင့် ပထမနှစ်နှင့် မေဂျာဘာသာ ရပ်ကြီး ငါးခုမှ ကျောင်းသား ကျောင်းသူများအပြင် ဒေသခံများအထိပါ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များကို ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် အထောက်အကူပြုမည့် နည်းပညာနှင့် လက်မှုပညာများကို အချိန်မရွေး လေ့လာသင်ယူနိုင်သော လူမှုဆန်းသစ်တီထွင်မှုအထောက် အကူပြုယူနစ် (Social Innova-tion Support Unit) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်များ၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင် ရွက်မှုများပြုလုပ်ကာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု (Research and Innovation)ကို လည်း ပိုမိုဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် တက္ကသိုလ်၏ အရည်အသွေး အာမခံမှုစနစ်ကို ထိရောက်အကျိုးရှိစွာ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ်တွင် Asean University Network-Quality Assurance AUN-QA ၏ တွဲဖက် အသင်းဝင် (Associate Member) အဖြစ် အသိအမှတ်ပြုရပ်တည်နိုင် ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး မိမိတတ်ကျွမ်းသော ပညာဖြင့် လုပ်ငန်းနယ်ပယ် အသီးသီးတွင် ကျရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန် အလေးအနက်ထား တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားပြီး အခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းသည်။
သတင်းစဉ်
No comments:
Post a Comment