ရန်ကုန် ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ တေရသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
အစည်းအဝေးသို့
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊
အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်
ဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊
သာသနာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/
ပြည်နယ် သာသနာရေး မှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး
တွဲဖက်အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသက
အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
ဦးစွာ အခမ်းအနားမှူးဆရာတော်က
အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၏
အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးအထမြောက် အောင်မြင်ကြောင်းကြေညာသည်။
ထိုနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာကို မြွက်ကြားတော်မူသည်။
(နိုင်ငံတော်သံဃ မဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၏ သာရဏီယသြဝါဒကထာကို သီးခြားဖော်ပြထားပါသည်)
ယင်းနောက် ပြည်ထောင်စုဝန်ကြီး
ဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ အဋ္ဌမအကြိမ်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းကို
တာဝန်ကျအဖွဲ့ခွဲ၏ကိုယ်စား တွဲဖက်အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရက
တင်သွင်း လျှောက်ထားပြီး အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ်
တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကို အဖွဲ့ဝင်ဆရာတော်များက ကဏ္ဍအလိုက် တင်သွင်း
လျှောက်ထားသည်။
ထို့နောက် ဝိနိစ္ဆယရေးရာကိစ္စများကို
တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး
အစည်းအဝေးကိုနံနက်ပိုင်းတွင် ရပ်နားသည်။
ယင်းနောက် အဋ္ဌမအကြိမ်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ တေရသမအစည်းအဝေး ပထမနေ့၊ ဒုတိယပိုင်းကို မွန်းလွဲ
၁ နာရီတွင် ဆက်လက်ကျင်းပပြီး ဝိနိစ္ဆယရေးရာကိစ္စများ၊ သာသနာရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ
နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကိုမွန်းလွဲပိုင်း၌
ရပ်နားသည်။
ယနေ့အစည်းအဝေးသို့
ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား အရုဏ်ဆွမ်းအလှူရှင်အဖြစ်
ဖခင် ဦးမောင်မောင်၊ မိခင် ဒေါ်ခင်ခင်ကြီးတို့အား ရည်စူး၍ သမီး (သဒ္ဓမ္မဇောတိကဓဇ)ဒေါ်ပြုံးဝေသီနှင့်
နေ့ဆွမ်းအလှူရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)၊ ဇနီး ဒေါ်ကြိုင်ကြိုင်
အမှူးပြုသည့် ဓမ္မမိတ်ဆွေများက ဆက်ကပ်လှူဒါန်း ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်
တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းတော်ကြီး၌
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော် ဆောင်ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားဩဝါဒ
ခံယူ၍ နဝကမ္မအလှူတော်ငွေ ကျပ်သိန်း ၃၀ ကို လှူဒါန်း ခဲ့သည်။
သတင်းစဉ်
No comments:
Post a Comment