Tuesday, February 28, 2023

တပ်ကုန်းမြို့၌ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာအဝင်ကွန်ကရစ်လမ်းနှင့် ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေခြင်းလုပ်ငန်းဖွင့်ပွဲ ကျင်းပ

 


တပ်ကုန်း ဖေဖော်ဝါရီ ၂၈

၂၀၂၃ ခုနှစ်၊ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်(စံပြ)ကျေးရွာတွင် နေပြည်တော်ကောင်စီငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ထားသည့် ကျေးရွာအဝင်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါလမ်းသစ်မုခ်ဦးတွင် ကျင်းပသည်။

 





အခမ်းအနားသို့  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ကောင်စီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်တာဝန်ရှိသူများ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်တာဝန်ရှိသူများ၊ တိုင်း/ခရိုင်များမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီးနောက် နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ကျေးရွာအဝင်ကွန်ကရစ်လမ်းသစ်နှင့်ပတ်သက်၍ အဖွင့် အမှာစကားပြောကြားပြီးနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်တာဝန်ရှိသူများက ကျေးရွာအဝင်ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီး မိတ်ဆက်စကားပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရှားတောကျေးရွာ၊ ဆင်သေချောင်းပိတ် ယာယီရေထိန်းဆည်၊ ဆိုလာရေတင်စနစ်ဖြင့် ရေစတင်ပေးဝေ ခြင်းဖွင့်ပွဲအခမ်းအနားသို့သွားရောက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ရေအသုံးချမည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့်နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်တို့က ဆိုလာရေတင်စနစ် ဖြင့် ရေပေးဝေခြင်းလုပ်ငန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများက ဆင်သေချောင်းပိတ် ယာယီရေထိန်းဆည်၊ ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်

No comments:

Post a Comment