Wednesday, February 22, 2023

(၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် (၂၉)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 


နေပြည်တော် ဖေဖော်ဝါရီ  ၂၂

(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၉)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။



ဦးစွာ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအဖွဲ့များက ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အား အလေးပြုခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်သည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၉) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ)အဆင့် စစ်တီးဝိုင်းခေါင်းဆောင် ကျွမ်းကျင်မှု တတိယ ဆုရရှိသည့် အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းခေါင်းဆောင်၊ ဒုတိယဆုရရှိသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အမှတ်(၁)တပ်ခွဲကိုယ်စားပြု စစ်တီးဝိုင်းခေါင်းဆောင်နှင့် ပထမဆုရရှိသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် အမှတ်(၂) တပ်ခွဲကိုယ်စားပြု စစ်တီးဝိုင်းခေါင်းဆောင်၊ (က)အဆင့်တွင် စစ်တီးဝိုင်းခေါင်းဆောင် အကောင်းဆုံးဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်တီးဝိုင်းခေါင်းဆောင်တို့ကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ (ခ) အဆင့်အသင်းလိုက် တတိယဆုရရှိသည့် အမှတ်(၅၅)ခြေလျင် တပ်မဌာနချုပ် ကိုယ်စားပြုစစ်တီးဝိုင်း၊ ဒုတိယဆုရရှိသည့် အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြုစစ်တီးဝိုင်းနှင့် ပထမဆုရရှိသည့် အမှတ်(၈၈)ခြေမြန်တပ်မဌာန ချုပ် ကိုယ်စားပြုစစ်တီးဝိုင်းတို့ကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် (က)အဆင့် အသင်းလိုက် တတိယဆုရရှိသည့် စစ်တက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်း၊ ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကိုယ်စားပြု ရဲတီးဝိုင်းနှင့် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်တီးဝိုင်း တို့ကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

အဆိုပါ တပ်မတော်နေ့အထိမ်းအမှတ် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၉)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်းပေါင်း ၃၁ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment