Tuesday, February 21, 2023

နိုင်ငံ့ဝန်ထမ်း ကျွမ်းကျင်မှုအရည်အချင်း မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 



နေပြည်တော် ဖေဖော်ဝါရီ ၂၀

နိုင်ငံ့ဝန်ထမ်း ကျွမ်းကျင်မှုအရည် အချင်း မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေးက ပြည်ထောင်စုရာထူးဝန် အဖွဲ့ အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် အတွင်း ကျင်းပခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲများမှ တွေ့ရှိချက်နှင့် အကြံပြုချက်များအပေါ် အခြေခံ ၍ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက် စေမည့် ရှေ့ဆက်ဆောင်ရွက်သင့် သည့် လုပ်ငန်းစဉ်များကို ချမှတ် နိုင်ခဲ့ကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင်လည်း ရာထူးဝန် အဖွဲ့အတွက် ထိရောက်အကျိုး ရှိစေပြီး တာဝန်ယူဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဆက်နွှယ်လွှမ်းခြုံမှုရှိသည့် ရလဒ် ကောင်းများ ထွက်ပေါ်လာစေရန် နှင့် ထိရောက်အကျိုးရှိစေမည့် နည်းလမ်းများ ဖော်ထုတ်နိုင် ရေး ဆွေးနွေးအဖြေရှာကြရန် လိုကြောင်း၊ ပါဝင်ဆွေးနွေးသူများ အနေဖြင့်လည်း မိမိတို့၏ လုပ်ငန်း အတွေ့အကြုံများကို အခြေခံ၍ ရှင်းလင်းတင်ပြပါက ပိုမိုအကျိုး ရှိစေမည်ဖြစ်ပြီး လက်တွေ့ကို အခြေခံသည့် ရလဒ်ကောင်းများ ကိုလည်း ဖော်ထုတ်ဆွေးနွေး နိုင်မည်ဖြစ်ကြောင်း ဆွေးနွေး မှာကြားသည်။

ယင်းနောက်အလုပ်ရုံဆွေးနွေး ပွဲ ပထမနေ့ကို ဆက်လက်ကျင်းပ ရာ နိုင်ငံ့ဝန်ထမ်းများအား အတတ်ပညာဆိုင်ရာ စွမ်းဆောင် ရည်များ မြှင့်တင်ဆောင်ရွက်ခြင်းခေါင်းစဉ်၊ နိုင်ငံ့ဝန်ထမ်းများ ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို စောင့်ကြည့်စစ်ဆေးခြင်းခေါင်း စဉ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ တွင် အတတ်ပညာဆိုင်ရာ ကျွမ်းကျင် ဝန်ထမ်းများအတွက် အဖွဲ့အစည်း၏ ကတိကဝတ်များ ခိုင်မာအားကောင်းစေရေး ဆောင် ရွက်ခြင်းခေါင်းစဉ်၊အဖွဲ့အစည်း ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေး နိုင်သည့် တန်ဖိုးထားလေးစား ထိုက်သော နိုင်ငံ့ဝန်ထမ်းများ မွေးထုတ်နိုင်ရေး ဆောင်ရွက် ခြင်းခေါင်းစဉ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကာ ဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် ပထမနေ့နှင့် ဒုတိယနေ့များ၌ ဆွေးနွေးခဲ့သည့် ခေါင်းစဉ်အလိုက် စုဖွဲ့၍ဆွေးနွေး ခြင်း၊ ယင်းဆွေးနွေးမှု ရလဒ်များ အား ပြန်လည်တင်ပြခြင်းနှင့် ဆွေးနွေး တင်ပြခဲ့သည့်အပေါ် တစ်ဦးချင်းအလိုက်၊အုပ်စုအလိုက် ဆုချီးမြှင့်ခြင်းများ ဆောင်ရွက် သွားမည်ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းရည် မြှင့်တင်ပေးခြင်းဖြင့် တွေးခေါ် ယူဆချက်များ ပြောင်းလဲစေရန်၊ ကျွမ်းကျင်မှု အရည်အချင်းများ ပြည့်ဝလာစေခြင်းဖြင့် နိုင်ငံ့ ဝန်ထမ်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိန်ခေါ်မှုများ၊ အားနည်း ချက်များ၊ ကွာဟချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။

သတင်းစဉ်

No comments:

Post a Comment