Thursday, February 23, 2023

လွိုင်ကော်မြို့၌ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဉပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဉပဒေအရာရှိများနှင့် ခရိုင်ဉပဒေအရာရှိများ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်း

လွိုင်ကော် ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဉပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဉပဒေအရာရှိများနှင့် ခရိုင်ဉပဒေအရာရှိများ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့၊ ကယားပြည်နယ် ဉပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကယားပြည်နယ် ဉပဒေချုပ် ဦးကြည်မြိုင်၊ ကယားပြည်နယ် ဉပဒေအရာရှိ ဦးဇော်ဝင်းဇံနှင့် ပြည်နယ်အတွင်းရှိ ခရိုင်ဉပဒေအရာရှိများ၊ မြို့နယ်ဉပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်ဉပဒေချုပ်က  ဉပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြီး ဥပဒေအရာရှိများနှင့် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါပြဌာန်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန်၊ ပြည်ထောင်စုဥပဒေချုပ်ဥပဒေ၊ နည်းဥပဒေနှင့် ဉပဒေရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်သွားရန်၊ မိမိလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန် ပြောကြားခဲ့ပါသည်။

ထို့နောက်ပြည်နယ်ဥပဒေအရာရှိနှင့် ခရိုင်ဥပဒေအရာရှိများက ညွှန်ကြားရေးမှူးချုပ်များ၏ လုပ်ငန်းလမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းခဲ့ပြီး ကယားပြည်နယ်ဥပဒေချုပ်က ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များ၏ မှာကြားချက်များကို လုပ်ငန်းလမ်းညွှန်ချက်အဖြစ်ခံယူ ဆောင်ရွက်သွားကြရန် နိဂုံးချုပ်ပြောကြားခဲ့သည်။

ကိုဇင် (လွိုင်ကော်)

အောင်ထွန်းလေး(ပြန်/ဆက်)

No comments:

Post a Comment