နေပြည်တော် ဖေဖော်ဝါရီ ၁၃
မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ်ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့်
ဒေါ်သန်းသန်းလင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ
ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့စီးပွားရေးဘဏ်မှ အထွေထွေမန်နေဂျာများ၊ မြန်မာ့ စီးပွားရေးဘဏ်၊
တိုင်းဒေသကြီး/ ပြည်နယ်များမှ မန်နေဂျာများနှင့် ခရိုင်ဘဏ်ခွဲမန်နေဂျာများ တက်ရောက်သည်။
ကြိုးပမ်းဆောင်ရွက်ပေး
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာ့ စီးပွားရေးဘဏ်သည် နိုင်ငံတော်တွင် အရေးပါသောအခန်းကဏ္ဍမှ
ပါဝင်လျက်ရှိသည့် နိုင်ငံပိုင် ဘဏ်ကြီးတစ်ခုဖြစ်ပါကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို
ပကတိအခြေအနေများအပေါ်အခြေခံ၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက်
အလေးအနက်ထားညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့်
လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး မြန်မာ့စီးပွားရေးဘဏ်က အကောင်အထည်ဖော်ရန်ချမှတ်ထားသည့်
ဦးတည်ချက်(၆) ရပ်ကို အောင်မြင်စွာအကောင် အထည်ဖော်ရေးအတွက် ဘဏ်ဝန်ထမ်းများအားလုံးက လက်တွဲညီညီဆောင်ရွက်ကြရန်ဖြစ်
ကြောင်း၊ လွန်ခဲ့သည့်နှစ်နှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရသည့်အခက်အခဲများကို ကြံ့ကြံ့ခံ
ရပ်တည်ရင်ဆိုင်ရင်း ဘဏ်လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့်
ဘဏ်ဝန်ထမ်းများ၏ဆောင်ရွက်မှုများအား အသိ အမှတ်ပြုပါကြောင်း၊ လက်ရှိအခြေအနေတွင် အချို့ဒေသများ၌
ပြည်သူများ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ဘဏ်ဝန်ထမ်းများက
အခက်အခဲများကြားမှဆောင်ရွက်ပေးနေရသဖြင့် တာဝန်ရှိသူများအနေဖြင့် ဘဏ် ဝန်ထမ်းများနှင့်
အမြဲထိတွေ့၍ ကြီးကြပ်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ လိုအပ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊
ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြစေ လိုကြောင်း။
ကြပ်မတ်ဆောင်ရွက်
ထို့ပြင် ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ
ယှဉ်တွဲဆောင်ရွက်နေရသည့်ကာလဖြစ်၍ ကျန်းမာရေးကိုအထူးဂရုစိုက်ပြီး ဆောင်ရွက်ကြစေလိုကြောင်း၊
အရာရာတွင် သတိနှင့်ယှဉ်လျက် လူလုံခြုံရေး၊ ပစ္စည်းလုံခြုံရေးနှင့် သတင်းလုံခြုံရေးတို့ကို
အမြဲဂရုစိုက်ဆောင်ရွက်ကြရန်ဖြစ် ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်
ရန်ပုံငွေများ ထူထောင်၍ စီးပွားရေးလုပ်ငန်းရှင်များသို့ အတိုးနှုန်းသက်သာသောချေးငွေများကို
စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း
(MSME) စသည့် ကဏ္ဍစုံသို့ ချေးငွေများပံ့ပိုးထုတ်ချေးလျက်ရှိပြီး ချေးငွေများကို မူလရည်မှန်းချက်များ
မပျောက်ပျက်စေဘဲ အကျိုးရှိရှိထိရောက်စွာဖြင့် စနစ်တကျသုံးစွဲနိုင်ရေးအတွက် ကြပ်မတ်
ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ ထုတ်ချေးထားသောချေးငွေများကို သတ်မှတ်ပေးထားသည့် ကာလအတွင်း
ချေးငွေစည်းကမ်းချက်များနှင့်အညီ ပြန်လည်ပေးဆပ်နိုင်ရေးကိုလည်း အမြဲမပြတ်တွန်းအားပေးဆောင်ရွက်ကြရန်ဖြစ်ကြောင်း။
Non-performing loan (NPL) များကျဆင်းရေးနှင့်
Quality loan များဖြစ်လာစေရေးတို့ကို ရည်မှန်းချက်ထား၍ ယင်းလုပ်ငန်းများအောင်မြင်စေရန်
ဘဏ်ဝန်ထမ်းများအားလုံးက အသိစိတ်ဓာတ်ရှိရှိဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊
နည်းပညာပြောင်းလဲတိုးတက် လာမှုများနှင့်အတူ မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းကိုလည်း Cash-based
Society မှ Cashless Society အဖြစ်သို့ ရောက်ရှိနိုင်ရေးအတွက် တဖြည်းဖြည်းတိုးမြှင့်ဆောင်ရွက်လျက်ရှိရာ
နိုင်ငံတကာအဆင့်မီဘဏ်လုပ်ငန်းဝန်ဆောင်မှုစနစ် (Core Banking) အသုံးပြုဆောင်ရွက်နိုင်
ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်နှင့် ဘဏ်ဝန်ထမ်းများအားလုံးက တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ပေးကြရန်
တိုက်တွန်းပါကြောင်း၊ ထို့ပြင် ဘဏ်လုပ်ငန်း စနစ်ခေတ်မီဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဦးဆောင်ကြိုးပမ်းနေသည့်
ဘဏ်ဝန်ထမ်းများအနေဖြင့်လည်း တိုးတက်ခေတ်မီသည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်လေ့လာပြီး
လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်လာရေးကို မျက်ခြည်ပြတ်မခံဘဲ လေ့လာဆည်းပူးကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း
မှာကြားသည်။
နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်သည်
ဘဏ္ဍာရေးနှစ်အလိုက် နှစ်ချုပ်စာရင်းပိတ်ညှိနှိုင်း ဆွေးနွေးပွဲကို နှစ်စဉ်ပြုလုပ်လျက်ရှိရာ
ယခုနှစ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ကဏ္ဍအလိုက်ဆွေးနွေးမှုများအပြင်
စာတမ်းဖတ်ပွဲများ၊ ကဏ္ဍအလိုက်ဆွေးနွေးညှိနှိုင်းပွဲ အပါအဝင် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၇
ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment