Monday, February 20, 2023

မိုင်းဖြတ်မြို့နယ်၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးမှ ဌာဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်

 



မိုင်းဖြတ် ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဝန်ကြီးများအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်သို့ ရောက်ရှိလာပြီး မြို့နယ်အဆင့် ဌာဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးညီညီအောင်က ဒေသဆိုင်ရာ အချက်အလက်များနှင့် မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ လိုအပ်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည် နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက်  ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မိုင်းဖြတ်မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာ ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်းအထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် စပ်လျဉ်းပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ်သိန်း(၃၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင် ရွက်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ် (၉ဒဿမ၃၅)သန်းဖြင့် လမ်းအရှည် ၄၇၅ ပေ၊ အကျယ်၁၂ ပေ၊ အမြင့် ၉ လက်မ အတိုင်းအတာရှိ ကျောက်ချောလမ်း ရာနှုန် းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment