Tuesday, February 21, 2023

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ရှိဆေးရုံများတွင် အာဟာရပြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်



မြစ်ကြီးနား ဖေဖော်ဝါရီ ၂၁

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ တပ်မတော်ဆေးရုံ (ကုတင် ၃၀၀)သို့ ယမန်နေ့ နံနက် (၉) နာရီခွဲက သွားရောက်၍ ဆေးကုသမှုခံယူနေသူများအား အာဟာရပြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ‌ပေးအပ်ခဲ့ကြသည်။






ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်၊ တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမှတ်(၁) တပ်မတော်ဆေးရုံ (ကုတင်-၃၀၀) ဆေးရုံအုပ်ကြီးတို့နှင့်အတူ ဆေးရုံအတွင်းဆေးဝါးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းကာ အားပေးစကား ပြောကြားပြီး လူနာ (၁၄၄) ဦးတို့အား အာဟာရပြည့်စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေကျပ် ၁၀၀၀၀ စီနှင့် ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံအတွက်ထောက်ပံ့ငွေကျပ် (၁၀) သိန်းအား ထောက်ပံ့ ပေးအပ် ခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ် ရေးအသင်းဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ကုတင်-၅၀၀ဆံ့ ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသ မှုခံယူနေသော ပြည်သူများအားရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကား ပြောကြားကာ လူနာ (၂၁၅) ဦးတို့အတွက် အာဟာရဖြစ်မုန့်များ ထောက်ပံ့ငွေကျပ် ၁၀၀၀၀ စီ နှင့် ဆေးရုံအတွက် ထောက်ပံ့ငွေကျပ် (၁၅) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကိုဗစ်-၁၉ ရောဂါကို PCR နည်းပညာဖြင့် တစ်နေရာမှတစ်နေရာ ‌ရွေ့လျားသွားလာ စစ်ဆေးဆောင်ရွက်နိုင်သော Mobile Laboratory အတွင်း ကျန်းမာ‌ရေသုံး ပစ္စည်းကိရိယာများ ဖွဲ့စည်းတည်ဆောက် ထားရှိမှုနှင့် လူနာများအား စစ်ဆေးဆောင်ရွက်မည့်လုပ်ငန်းစဥ်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ် (ပြန်/ဆက်)


No comments:

Post a Comment