Monday, February 20, 2023

မြစ်ကြီးနားမြို့နယ်၌ ဆဋ္ဌမအကြိမ်အဖြစ် မြေပဲဆီသန့်ပိဿာချိန် ၅၀၀ ဖြန့်ဖြူးရောင်းချ

 

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၉

ကချင်ပြည်နယ် သမဝါယမဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနတို့ ချိတ်ဆက်ပြီး မြစ်ကြီးနားမြို့နယ်ရှိ အေးချမ်းသာ ငွေစုငွေချေးသမဝါယမအသင်းကမန္တလေး တိုင်းဒေသကြီးညောင်ဦးမြို့နယ် သမဝါယမအသင်းစုမှထုတ်လုပ်သော မြေပဲဆီသန့် ပိဿာချိန် ၅၀၀ ကို ဆဋ္ဌမအကြိမ်အဖြစ်ထပ်မံဝယ်ယူ၍ ဒေသပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် မြို့နယ်သမဝါယမဦးစီးဌာနများမှတစ်ဆင့် အသင်းသား ပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးသည်။

ယခုအခါ အသင်းအနေဖြင့် ကချင်ပြည်နယ်အတွင်း စားသုံးဆီလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်နှင့် သမဝါယမအသင်းသားပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ မိုးကောင်း၊ မိုးညှင်းနှင့် ပူတာအိုမြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသင်းသားပြည်သူများအား စုစုပေါင်းမြေပဲဆီသန့်ပိဿာချိန် ၅၀၀၀ ရောင်းချပေး နိုင်သည်။ ထို့ပြင်သမဝါယမကဏ္ဍက ဒေသထွက်ကုန်များအား သမဝါယမအသင်း အချင်းချင်းချိတ်ဆက်၍ ကုန်စည်ဖလှယ် ရောင်းချပေးမှုများကို စားသုံးသူပြည်သူများအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment