မော်လမြိုင် ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)၊ (Myanmar Health Sciences Conference, MHSC 2023) အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများမှ မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မျက်စိအတွင်းတိမ် လူနာများ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ခွဲစိတ်ကုသပေးခြင်းတို့ကိုဆောင် ရွက်ပေးလျက်ရှိရာ မွန်
ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရ အဖွဲ့၀င်၀န်ကြီးများက မျက်စိဆောင်၌ မျက်စိအတွင်းတိမ် ခွဲစိတ်မည့် လူနာများအား အခမဲ့စမ်းသပ်ခြင်း၊ အခမဲ့ခွဲစိတ်ကုသပေးနေမှုအခြေအနေများနှင့်မျက်စိဆောင်၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် မျက်စိအတွင်းတိမ် လူနာများအား ရင်းရင်းနှီးနှီး လိုက်လံကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည့်ဆေးဝါးများနှင့် အာဟာရဖြည့်စွက်စာများ၊ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)၊ (Myanmar Health Sciences Conference, MHSC 2023) အထိမ်းအမှတ်အကြို မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆောင် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က မေးရိုးနှင့်ခံတွင်းခွဲစိတ်ဆောင်အတွက် ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ခြင်း ခံတွင်းခွဲစိတ်ဆောင်သို့ လှည့်လည်ကြည့်ရှုခဲ့ပြီး မေးရိုးနှင့်ခံတွင်းရောဂါဝေဒနာရှင်များအား လိုအပ်သည့်ဆေးဝါးများနှင့်အာဟာရ ဖြည့်စွက်စာများပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး နှလုံးကြပ်မတ်ကုသဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆေးရုံအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)
No comments:
Post a Comment