နေပြည်တော် ဖေဖော်ဝါရီ ၂၇
(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင်စံပြကျေးရွာ စနစ်ကျလယ်ယာမြေ ၇၉ ဒသမ ၈၈ ဧက ဖော်ထုတ်ခြင်းလုပ်ငန်းအောင်မြင်စွာပြီးစီး၍ တောင်သူများထံပြန်လည်ပေးအပ်ခြင်း၊ ပေါက်ပင်သာ-ဂွေးပင် ရွာအဝင်လမ်းနှင့် ရွာတွင်းလမ်းဖွင့်လှစ်ခြင်း၊ ရှားတောယာယီရေထိန်းဆည်မှ ဆိုလာစနစ်ဖြင့် ရေစတင်ပေးဝေခြင်းအခမ်းအနားများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ သတ်မှတ်နေရာများတွင် ကျင်းပသည်။
အခမ်းအနားများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီဝင်များ၊
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေအသုံးချသူများအဖွဲ့(WUG)ဝင် တောင်သူများနှင့် ဒေသနေပြည်သူများတက်ရောက်ကြသည်။
ရှေးဦးစွာ ဂွေးပင်စံပြကျေးရွာ၌ကျင်းပသည့်
စနစ်ကျလယ်ယာမြေ ၇၉ ဒသမ ၈၈ ဧက ဖော်ထုတ်ခြင်းလုပ်ငန်းအောင်မြင်စွာပြီးစီး၍ တောင်သူများထံ
ပြန်လည် ပေးအပ်ခြင်းအခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာ
စကားပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်
ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ဒေသ နေပြည်သူများ ဝင်ငွေတိုးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်
သက်ဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းလာစေရေး
ကြိုးပမ်းသွားကြရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားကြသည်။
ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့်
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများကဖော်ထုတ်ပြီး စနစ်ကျလယ်ယာမြေများကို
တောင်သူများထံပြန်လည်ပေးအပ်ရာ သက်ဆိုင်ရာတောင်သူကိုယ်စားလှယ်များက လက်ခံရ ယူကြပြီး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် အခမ်းအနားတက်ရောက်လာကြ သူများက တောင်သူများထံအပ်နှံပြီးဖြစ်သည့်
စနစ်ကျလယ်ယာမြေနှင့် GW-11 နွေစပါး စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။
တောင်သူများ၏ တင်ပြတောင်းဆိုမှုအရ စနစ်ကျလယ်ယာမြေများ
ဖော်ထုတ်အသုံး ပြုနိုင်ရေးကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို့၏
ပူးပေါင်းဆောင် ရွက်မှုဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ နေပြည်တော်ကောင်စီ
နယ်မြေအတွင်း စနစ်ကျလယ်ယာမြေဧက ၁၃၂၀၀ ကျော် ဖော်ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
ယင်းနောက် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု
ပေါက်ပင်သာ - ဂွေးပင်ရွာအဝင် ကွန်ကရစ်လမ်းနှင့် ရွာတွင်းလမ်းဖွင့်လှစ်ခြင်းအခမ်းအနားကို
ပေါက်ပင်သာ - ဂွေးပင်ရွာအဝင် ကွန်ကရစ်လမ်းထိပ်သတ်မှတ်နေရာတွင်ကျင်းပရာ အခမ်းအနားတွင်
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုး၊
နေပြည်တော် ကောင်စီဝင်ဦးဇေယျာလင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးသိန်းလွင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်တို့က
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည်
ကျေးရွာနေပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားတိုးတက်ရေးဆိုင်ရာများ
အားပေးပြောကြား ခဲ့ကြသည်။
ဆက်လက်၍ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို
ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ရှားတောယာယီရေထိန်းဆည်မှ ဆိုလာစနစ်ဖြင့် ရေစတင်ပေးဝေခြင်း
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
တာဝန်ရှိသူတစ်ဦးနှင့် တောင်သူကိုယ်စား လှယ်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ဒုတိယဝန်ကြီး
ဒေါက်တာအောင်ကြီးနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်တို့က ရေတင်စက်ခလုတ်နှင့်
ရေဖျန်း စက်ခလုတ်တို့ကိုနှိပ်၍ ရေစတင်ပေးဝေခဲ့ကြသည်။
ယခုဖွင့်လှစ်သည့် ရှားတောယာယီရေထိန်းဆည်သည်
ဆင်သေချောင်းပေါ်တွင် ယာယီ ရေထိန်းဆည်တည်ဆောက်ကာ ကုန်းမြင့်ပိုင်း၌ တစ်နှစ်တစ်သီးသာစိုက်ပျိုးနိုင်သည့်
စိုက်ပျိုးမြေများအား နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့်ရေတင်၍ နွေသီးနှံစိုက်ပျိုးနိုင်ရေး
ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အဆိုပါ ရေတင်စနစ်တွင်ပါဝင်သည့် စိုက်ပျိုးမြေ ၁၁၇ ဒသမ ၉၁
ဧက တွင် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများဝင်ငွေသုံးဆရရှိခံစားနိုင်ရေး
မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment