နေပြည်တော် ဖေဖော်ဝါရီ ၁ဝ
၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို မတ် ၅ ရက် (၁၃၈၄ ခုနှစ်၊ တပေါင်း လပြည့်နေ့) တနင်္ဂနွေနေ့ မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို မတ် ၃ ရက် နံနက် ၉ နာရီခွဲတွင်လည်းကောင်း၊ နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
အဆိုပါအခမ်းအနားများသို့ အချိန်မီကြွရောက်နိုင်ရန်အတွက် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းခံယူတော်မည့် ဆရာတော်ကြီး များ၊ သီလရှင်ဆရာကြီးများအား မတ် ၁ ရက် ထက်မစော၊ မတ် ၂ ရက်ထက် နောက်မကျစေဘဲ နေပြည်တော်သို့ ကြွရောက်နိုင်ပါရန်နှင့် အဂ္ဂမဟာသီရိသုဓမ္မမဏိ ဇောတဓရ၊ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ၊ သီရိသုဓမ္မ မဏိဇောတဓရ၊ သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းခံယူမည့် သာသနာနုဂ္ဂဟလူပုဂ္ဂိုလ်များအား မတ် ၂ ရက် ထက်မစော၊ မတ် ၃ ရက် ထက်နောက်မကျစေဘဲ နေပြည်တော်သို့ကြွရောက်နိုင်ပါရန် ပင့်လျှောက်/ ဖိတ်ကြား ထားကြောင်း သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment