Sunday, February 19, 2023

(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကျင်းပမည်

 

နေပြည်တော် ဖေဖော်ဝါရီ ၁၈

(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို “The Fight Against Zoonotic Diseases: A one Health Approach” - “တိရစ္ဆာန်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို တစ်ခုတည်းသောကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့” ဆောင်ပုဒ်နှင့် ကျင်းပမည်ဖြစ်သည်။

ညီလာခံတွင် အခြေခံသုတေသနစာတမ်း ၁၈ စောင်၊ အသုံးချသုတေသနစာတမ်း ၃၂ စောင်၊ ကျန်းမာရေးစနစ်သုတေသနစာတမ်း ၈ စောင်၊ သုတေသနပိုစတာစာတမ်း ၃၄ စောင်တို့ကို တင်သွင်းဖတ်ကြားပြသသွားရန် စီစဉ်ထားရှိသည်။

ပြည်တွင်းမှ မြန်မာသုတေသီများသာမက အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများမှ ပညာရှင်များပူးပေါင်း၍ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲများကိုလည်း ကျင်းပသွားမည် ဖြစ်သည်။

ညီလာခံကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ မှ ၂၄ ရက်အတွင်း ဆေးသုတေသနဦးစီးဌာန၊ အမှတ်(၅)ဇီဝကလမ်း၊ ရန်ကုန်မြို့၌ကျင်းပသွားမည်ဖြစ်သည်။           

သတင်းစဉ်

No comments:

Post a Comment