နေပြည်တော် ဖေဖော်ဝါရီ ၁၇
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ Hybrid Meeting ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ တိုင်းဒေသကြီး/ ပြည်နယ်ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့ခေါင်းဆောင် များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ခေါင်းဆောင်က တိုင်းဒေသကြီး/ပြည်နယ်များရှိ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း များ၊ ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ CMP လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများအပါအဝင် ကုမ္ပဏီ/ လုပ်ငန်း စုစုပေါင်း ၅၉၉၀ အတွက် ချေးငွေပမာဏ ငွေကျပ် ၁၅၈ ဒသမ ၄၄၃၈ ဘီလီ ယံ၊ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေး ကဏ္ဍမှ ကုမ္ပဏီ/ လုပ်ငန်း ၃၂၇ ခု အတွက် ချေးငွေပမာဏငွေကျပ် ၇ ဒသမ ၆၃ ဘီလီယံအား ချေးငွေ ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထုတ်ပေးထားသည့် ချေးငွေများကို စိစစ်ကြီးကြပ်ဆောင်ရွက်ရာတွင် ချေးငွေဆုံးရှုံးနိုင်ခြေရှိမှုတို့ကိုသာမက ချေးငွေထုတ်ပေးထားသည့် လုပ်ငန်းများ၏ အောင်မြင်မှုနှင့် လုပ်ငန်းလည်ပတ်နိုင်မှုအခြေအနေကို စောင့်ကြည့်လေ့လာအကဲဖြတ်ခြင်း (Monitoring and Evaluation Process) ဆောင်ရွက်နိုင်ရေးအတွက် Success Story စစ်တမ်းကောက်ယူရန်ကိစ္စရပ်များကို ဆွေးနွေးသည်။
ဆက်လက်၍ အစည်းအဝေး တက်ရောက်လာသူများက ချေးငွေ နှင့် အတိုးကောက်ခံရရှိမှု အခြေအနေ၊ ချေးငွေထုတ်ယူထားသောလုပ်ငန်းများမှ ပြန်လည်ပေးဆပ်လျက်ရှိသည့် အခြေအနေ၊ Success Story စစ်တမ်းကောက်ယူရန် ပူးပေါင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment