Tuesday, February 21, 2023

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) အထိမ်းအမှတ် မျက်စိအတွင်းတိမ်လူနာများအား ခွဲစိတ်ကုသပေးခြင်းနှင့် မန်းချောင်းကူး ရေနိမ့်တံတား(၆၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

 


မကွေး ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) Myanmar Health Science Conference(2023) အထိမ်းအမှတ်အကြို မျက်စိအတွင်းတိမ်လူနာများအား ခွဲစိတ်ကုသပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီး၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မင်းဘူးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မျက်စိခွဲစိတ်ကုသမှု ခံယူကြမည့်သူများ တက်ရောက်ခဲ့ကြသည်။

 





အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးတွင် တိုင်းဆေးရုံကြီး(၁)ရုံ၊ ခူတင်(၂၀၀)ဆံ့ ဆေးရုံ(၃)ရုံ၊ ခုတင်(၁၀၀)ဆံ့ ဆေးရုံ(၃)ရုံ၊ ခုတင်(၅၀)ဆံ့ ဆေးရုံ (၉)ရုံ၊ ခုတင်(၂၅)ဆံ့ ဆေးရုံ(၁၂)ရုံနှင့် (၁၆)ခုတင်ဆံ့ဆေးရုံ(၄၄)ရုံ စုစုပေါင်းဆေးရုံ(၇၇)ရုံရှိပါကြောင်း၊ သို့သော်လည်း ဝန်ထမ်းအင်အားမလုံလောက်မှုနှင့် အသစ်ဖွင့်လှစ်မည့်ဆေးရုံအချို့တွင် လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရှိရပြီး၊ မင်းဘူးပြည်သူ့ဆေးရုံကြီးအနေဖြင့် စဉ်ဆက်မပြတ်ဆေးရုံလုပ်ငန်းများ လည်ပတ် ဆောင်ရွက်နေတဲ့အတွက် ဒေသခံပြည်သူများအတွက် အားကိုးရသော ဆေးရုံတစ်ခုဖြစ်ပါကြောင်း၊ မင်းဘူးမြို့ ပြည်သူ့ဆေးရုံကို ၁၉၄၉ ခုနှစ်တွင် (၂၅)ခုတင်ဆံ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ခုတင် (၁၀၀)ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့တာဖြစ်ပါကြောင်း၊ မင်းဘူးဆေးရုံကြီးအနေဖြင့် ဝန်ထမ်းအင်အား(၂၀၀)ကျော်ဖြင့် ဆေးရုံလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဆေးရုံတက်ရောက်ကုသနေသာ အတွင်းလူနာတစ်ရက်ပျှမ်းမျှ(၁၆၀)ဦးခန့်နှင့် ပြင်ပလူနာ တစ်ရက်ပျှမ်းမျှ(၁၄၉)ဦးခန့် ကုသပေးလျက်ရှိသော ဆေးရုံကြီးတစ်ခုဖြစ်ပါကြောင်း၊ မျက်စိ ရောဂါကုသပေးခြင်း အနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မျက်စိအတွင်းတိမ် လူနာ(၈၆၆)ဦးကို ခွဲစိတ်ကုသပေးခဲ့ပြီး၊ ခွဲစိတ်ကုသပေးသူပေါင်း (၉၂၈)ဦး ရှိခဲ့ကြောင်း၊၂၀၂၂ ခုနှစ်တွင် မျက်စိအတွင်းတိမ်လူနာ(၁၉၀၄)ဦးကို ခွဲစိတ်ကုသပေးပြီး ခွဲစိတ်ကုသပေးသူ စုစုပေါင်း(၂၀၉၂)ဦး ခွဲစိတ်ကုသပေးခဲ့သလို ယခုနှစ်ဇန်နဝါရီလမှ ဖေဖော်ဝါရီလ(၁၈)ရက်အထိ မျက်စိအတွင်း တိမ်လူနာ (၃၅၄)ဦး ခွဲစိတ်ကုသပေးပြီး ခွဲစိတ်ကုသသူပေါင်း (၃၆၉)ဦး ရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃) Myanmar Health Science Conference(2023) အထိမ်းအမှတ်အကြို Pre- conference Activity အဖြစ် မျက်စိအတွင်းတိမ်လူနာ(၅၀)အား တစ်ရက်လျှင်(၂၅)ယောက်ဖြင့် (၂၀-၂-၂၀၂၃)မှ(၂၁-၂-၂-၂၃) အထိ အခမဲ့ခွဲစိတ်ကုသပေးမှာဖြစ်ပြီး၊ နှီးနှောဖလှယ်ပွဲအကြိုအဖြစ် ယခုလို မျက်စိအတွင်းတိမ် ခွဲစိတ်ကုသခြင်းကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများမှာလည်း ခွဲစိတ်ကုသ ပေးနေကြမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း မကွေးတိုင်းဒေသကြီး အတွင်းရှိ ပြည်သူလူထုများ ဆေးကုသမှုအဆင့်အတန်းမီလာစေရေးအတွက် ဘက်ပေါင်းစုံမှ ပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)အကြို အထိမ်းအမှတ်အဖြစ် မင်းဘူး ပြည်သူ့ဆေးရုံကြီးတွင် အတွင်းတိမ်မျက်စိလူနာများကို ခွဲစိတ်ကုသပေးကြမည့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများကို အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်းနှင့် နှီးနှောဖလှယ်ပွဲအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ပြီး ဆောင်ရွက်နိုင်ခဲ့သည့်အတွက်လည်း မကွေးတိုင်းဒေသကြီးအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ မင်းဘူမြို့ ပြည်သူ့ဆေးရုံကြီး (မျက်စိအထူးကုဆရာဝန်) ဒေါက်တာအိအိ အောင်က မျက်စိအတွင်းတိမ်ရောဂါနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မင်းဘူမြို့ ပြည်သူ့ဆေးရုံကြီးအတွက် ဆေးပဒေသာပင်ငွေကျပ်(၁၀)သိန်း လှူဒါန်းပေးအပ်ကာ ခွဲ့စိတ်ကုသမှုခံယူမည့်သူများအား လိုအပ်သော ဆေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် အိုးပြင်မဲရွာနှင့် အိုင်းမရွာဆက်သွယ်သောလမ်းပေါ်ရှိ မန်းချောင်းကူးရေနိမ့်တံတား(၆၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့ တာဝန်ရှိသူများမှ တံတားတည်ဆောက်ခြင်းဆိုင်ရာများနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးရေး၊ လုပ်ငန်းအန္တရာယ် ကင်းရှင်းရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

အဆိုပါ အိုးပြင်မဲ - အိုင်းမရွာ မန်းချောင်းကူးရေနိမ့်တံတား အရှည်(၆၀၀)ပေ၊ အကျယ်(၁၄)ပေ အုတ်မြစ် 0.8m ø Bored Pile Foundation သံကူကွန်ကရစ် သံကူကွန်ကရစ်ကြမ်းခင်းတံတား တည်ဆောက်ခြင်းကို ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ်(၇၇၅.၀၀)သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတား တည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာရေးနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး(၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာရေးနှစ်တွင် တံတားတစ်စင်းလုံပြီးပြီးစီးရန် လျာထား ဆောင်ရွက်လျက်ရှိကာ၊ အဆိုပါတံတား တည်ဆောက်ပြီးစီးပါက ကျေးရွာ(၁၄)ရွာ၊ အိမ်ခြေ(၂၅၂၇)အိမ်နှင့် လူဦးရေ(၁၁၁၀၃)ဦးတို့အား အကျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ

No comments:

Post a Comment