နေပြည်တော် ဖေဖော်ဝါရီ ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီးအောင်ကြည်လင်းက အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့်ဖြစ်ပွားနိုင်ပြီး
အဂတိလိုက်စားမှုကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင်
ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေနိုင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် သိရှိရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊
နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာတွင်အရေးပါသည့်
ပေါင်းကူးတံတားသဖွယ် ဖြစ်သည့်အတွက် အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင်
ဖြောင့်မတ် တည်ကြည်မှုရှိရန်၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့်
မျှတစွာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သန့်ရှင်းသည့်အစိုးရ၊ ကောင်းမွန်သည့်အုပ်ချုပ်
ရေးစနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော်တည် ဆောက်နိုင်မည်ဖြစ်ကြောင်း
ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်
ဦးအောင်မြင့်လွင်ကအဂတိ လိုက်စားမှုသည်လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမိုကျယ်ပြန့်ပါကြောင်း၊
အဂတိလိုက်စားမှုကို ထိရောက်စွာတိုက်ဖျက်နိုင်ရန်နှင့် ဥပဒေမူဘောင်ခိုင်မာရေးအတွက် အဂတိလိုက်စားမှု
တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်ခဲ့ပြီး ဥပဒေရည်ရွယ်ချက်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်
ခံယူလျက်ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရဌာန/အဖွဲ့အစည်းများ၊
အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ သတင်းမီဒီယာများအပါအဝင်၊ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များအားလုံးက
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် အထူးလိုအပ်ပါကြောင်း၊ လုပ်ငန်းများကို ပိုမိုထိရောက်လွှမ်းခြုံဆောင်ရွက်နိုင်ရန်အတွက်
၂၀၁၉ ခုနှစ်မှစ၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit
-CPU)များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းအပြင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်
(Public Feedback Programme - PFP) နှင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေ အန္တရာယ်ရှိမှုဆန်းစစ်ခြင်း
(Corruption Risk Assessment-CRA)ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရန်အတွက်
ကျင့်ဝတ်များထိန်းသိမ်းလိုက်နာ စေရန်နှင့် ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကိုတည်ဆောက်နိုင်ရန်၊
EDU-tainment အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်းဖွင့်လှစ်မည့်
အခြေခံမူလတန်း၊ အလယ်တန်း၊ အထက်တန်းဆရာ/ဆရာမ မွမ်းမံသင်တန်းများ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး
အသိပညာပေးသင်ခန်းစာများ ဆွေးနွေးပို့ချနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ဆောင်ရွက်လျက်ရှိပါကြောင်း၊
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် ကော်မရှင်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်
ပြောကြားသည်။
ဆွေးနွေးပွဲသို့ ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊
ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊
အဖွဲ့ဝင်များတက်ရောက်ကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများ
က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးဟောပြောသည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၈ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများကို ကချင်ပြည်နယ် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့
(Corruption Prevention Unit– CPU)မှ အဖွဲ့ဝင်များကို ဆက်လက်ပို့ချဆွေးနွေးမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment