Sunday, February 26, 2023

သင်္ဃန်းကျွန်း၊ နောင်ချိုနှင့် မိုင်းဆတ်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 



နေပြည်တော် ဖေဖော်ဝါရီ ၂၅

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် ဝေဇယန္တာလမ်းတွင် ရပ်တန့်ထားသည့် Nissan AD Van အမျိုးအစား မော်တော်ယာဉ်နှင့်အတူ မျိုးခိုင်ဇော်၊ ချမ်းသာနှင့် ကိုကိုနိုင်တို့ သုံးဦးကိုတွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၆၀၀၀ ကို လည်းကောင်း။

အလားတူ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာ အုပ်စု မကျည်းရေကျေးရွာအနီးတွင် ဇေယျာစိုးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆီတိုင်ကီအံဝှက်နှင့် လေစစ်ဘူးအတွင်းတို့မှ စိတ်ကြွဆေးပြား ၅၈၀၀၀ ပြားကိုလည်းကောင်း။

ထို့အတူ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၆ နာရီခွဲတွင် မိုင်းဆတ်မြို့နယ် မယ်ပုလုံကျေးရွာ အုပ်စု ဂျူးလူကျေးရွာအနီးတွင် အောင်ဇော်ထွန်းမောင်းနှင်ပြီး စိုင်းတွီ()စိုင်းစံတွီ လိုက်ပါလာသော TOYOTA WISH အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်အင်ဂျင်ခန်းအတွင်းမှ အိုက်စ် ၃ ဒသမ ၅ ကီလို သိမ်းဆည်းရမိပြီး ည ၇ နာရီတွင် မိုင်းဆတ်မြို့နယ် ကောင်းမှုကန် ကျေးရွာအုပ်စု ပန်ဟိုင်းကျေးရွာအနီးတွင် အိုက်စ်များ လက်ခံမည့်သူ ကျာတူ() လောလှ၊ ကျီးချီ() အားဝါတို့ နှစ်ဦးအား မော်တော်ဆိုင်ကယ် နှစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment