Tuesday, February 21, 2023

Basic Social Work Skills Development သင်တန်းဖွင့်ပွဲ ကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၀

Basic Social Work Skills Development သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချူပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

လုပ်ငန်းစွမ်းဆောင်ရည်တိုးစေရန်

သင်းတန်းဖွင့်ပွဲတွင် ပြည် ထောင်စုဝန်ကြီးက ယနေ့ ဖွင့်လှစ်သည့် Basic Social Work Skills Development သင်တန်းကို ပိုမိုကောင်းမွန်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်၊ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်း ဆောင်ရည် တိုးတက်လာစေရန်၊ လူမှုရေးပညာရပ်ဆိုင်ရာ အခြေခံ သဘောတရားတို့ကို သိရှိနားလည်နိုင်စေရန်နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါ ကြောင်း။

ဝန်ကြီးဌာန၏ မူဝါဒများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အပြင် ၂၀၃၀ အစီအစဉ် ဖြစ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ ပြည့်မီစေရေး အကောင်အထည်ဖော် ရာတွင်လည်း လူမှုရေးပညာရပ်သည် အရေးပါသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ လူမှုရေးပညာရပ်သည် မွေးစမှ သေဆုံးသည်အထိ ကူညီဆောင်ရွက်ပေးရသော အရေးပါသည့် အတတ်ပညာရပ်တစ်ခု ဖြစ်ပါကြောင်း၊ သင်တန်းက ပို့ချမည့်သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့် သင်ယူမှတ်သားကြရန်နှင့် လက်တွေ့လုပ်ငန်း နယ်ပယ်အတွက် အသုံးချဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ယနေ့သင်တန်းတွင် လူမှုရေးပညာရပ်ဆိုင်ရာ အခြေခံသဘောတရားများ၊ လူမှုရေးလုပ်ငန်းဆောင်ရွက်သူများ၏ အခန်းကဏ္ဍ၊ လူမှုရေးလုပ်ငန်း ဆောင်ရွက်သူများ ကျင့်သုံးဆောင်ရွက်ရမည့် အကြောင်းအရာများ၊ လိုက်နာရန်လိုအပ်သော ကျင့်ဝတ်စည်းမျဉ်းများ၊ လူတစ်ဦးချင်း၊ အဖွဲ့လိုက်နှင့်ရပ်ရွာအတွင်း ကူညီဆောင်ရွက်ပေးရမည့် နည်းလမ်းများအပြင် လူမှုကာကွယ် စောင့်ရှောက်ရေး၊ ကျား/မ တန်းတူညီမျှရေး၊ မသန်စွမ်းမှုဆိုင်ရာ လူမှုရေးနည်းလမ်းအရ ကူညီ ဆောင်ရွက်ပေးနေသော လုပ်ငန်း အစီအစဉ်များနှင့် သက်ဆိုင်သည့် သင်ခန်းစာတို့ကို ဘာသာရပ် ဆိုင်ရာပုဂ္ဂိုလ်များက ယနေ့မှ ဖေဖော်ဝါရီ ၂၂ ရက်အထိ သုံးရက်တာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment