မော်လမြိုင် ဇန်နဝါရီ ၂၆
မွန်ပြည်နယ်တွင် နှစ်စဉ် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များစွာဝင်ရောက်လျက်ရှိပြီး ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ (HSP)အမျိုးသားအဆင့်အသိအမှတ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို မော်လမြိုင်မြို့ Sunshine Hotel ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းက ဝန်ဆောင်မှုလုပ်ငန်းဟာ စီးပွားရေးကဏ္ဍအားလုံးအတွက် အရေးကြီးသောအချက်ဖြစ်ပြီး လူပုဂ္ဂိုလ်များအား တိုက်ရိုက်ဝန်ဆောင်မှုပေးရပြီး မိမိတို့ရဲ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ပိုမိုအရေးကြီးတဲ့အချက်ဖြစ်ကြောင်း၊ တစ်ကိုယ်ရေးသန့်ရှင်းမှု၊ ပတ်ဝန်းကျင်သန့်ရှင်းမှုအစားအသောက်နှင့် အိပ်ခန်းဆောင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်ပြီး လာရောက်သောဧည့်သည်များကို စိတ်ကျေနပ်မှုပေး၍ ရေရှည်တည်တံ့သော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းလည်း အပါအဝင်ဖြစ်ပြီး လာရောက်တည်းခိုသည့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပြည်နယ်အတွင်းရှိ ဟိုတယ်မိုတယ်၊ တည်းခိုရိပ်သာများကို ဒေသအဆင့်၊ အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်များရရှိရေး အဆင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ Health and Safety တံဆိပ်များနဲ့ National Health and Safety တံဆိပ်များကို ပေးအပ်ချီးမြှင့်လျက်ရှိကာ ပြည်နယ်အတွင်း National အဆင့်တံဆိပ်ရရှိသော ဟိုတယ်(၂၆)လုံးရှိပြီး ဆက်လက်ချီးမြှင့်ပေးအပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ် အတွင်းခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလိုင်စင်များ လျှောက်ထားမှုအတွက်လည်း ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေလျော့ဆောင်ရွက်ပေးပြီး မွန်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် တတ်နိုင်တဲ့ဘက်ကကူညီဆောင်ရွက်ပေးနေသလို ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအနေဖြင့်လည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းတိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇေယျာထွန်းက အမျိုးသားအဆင့်အသိအမှတ်ပြုလက်မှတ်ရရှိနိုင်ရေး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီး၊ အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်ရရှိသော ဟိုတယ်များအား ဆုတံဆိပ်များပေးအပ်ချီးမြှင့်ကာ တက်ရောက်လာကြသော ဧည့်သည်တော်များအား ညစာစားပွဲဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရှိရသည်။
စည်သူ (ပြန်/ဆက်)

No comments:
Post a Comment